မနေ့ကမေကြီးနှင့်စကားပြောပီးသည့်နောက် မိုးသား အားအင်တွေရှိသွားရသည် ..
'လက်မလွှတ်ဘူးလွှာ .. လွှာဆိုတာက သားအတွတ်ပဲဖြစ်ရမယ်'
အလုပ်ကိုရောက်သည်နှင့်လုပ်စရာရှိသည်များကိုလုပ်နေလိုက်သည် .. 8နာရီခွဲပဲရှိသေးတာကြောင့် ဝန်ထမ်းတော်တော်များများမရောက်လာကြသေးပေ .. ကေသီနှင့်သန္တာသည်ပါမရောက်လာသေးတာကြောင့် မိုးသားတယောက် ဟိုနေ့ကမပီးပြတ်သေးသည့် စာရင်းများအားချုပ်နေကာ တင်ပြရန်အဆင်သင့်ပြင်ဆင်နေလိုက်သည် ..
" ဟယ် မိုးသား အစောကြီးရောက်နေတာလား "
စာရင်းချုပ်လို့ပီးလောက်မည့်အချိန်တွင်တော့ ကေသီနှင့်သန္တာကရောက်လာကြသည် .. မိုးသားကိုတော့ အံ့ဩစွာဖြင့် .. ဟုတ်သည်လေမနေ့ကပြန်သွားသည့် မိုးသား ၏ပုံက နောက်ရက်အလုပ်မလာနိုင်သည့်အသွင်ဖြင့် ..
" အင်း .. ကားချောင်နေတာနဲ့စောရောက်နေတာ "
ကေသီ၏အပြောအားပြန်ဖြေလိုက်ရင်း ရှေ့တွင်ရှိသောနာရီကိုလှမ်းကြည့်လိုက်တော့ 8:50
'လွှာ ဒီနေ့တော့လာမှာပါ'
" မင်္ဂလာပါမမေ "
" အင်းမသူဇာ မနေ့ကထွေထွေထူးထူးမရှိဘူးမဟုတ်လား "
" ဟုတ်မရှိပါဘူး ..ကိုခန့်နဲ့ အန်ကယ်အန်တီတို့လဲပါတာကိုး မင်္ဂလာပါရှင့် "
မသူဇာ၏နှုတ်ဆက်မှုအား မေဝင့်လွှာညီနောက်မှပါလာသည့် ဦးစိုးမိုးလွင်ကအပြုံးဖြင့်တုံ့ပြန်သော်လဲ ဒေါ်ဟန်နီဝေကတော့ အဖက်မလုပ်သည့်အမူယာဖြင့် လှည့်၍ပင်မကြည့် ရုံးဘေးပတ်လည်ကိုသာလိုက်ကြည့်နေသည် ..
မသူဇာ၏အသံကြောင့် ရုံးရှိလူများနှင့်အတူမိုးသားတို့သုံးယောက်ပါ လှမ်းကြည့်ကြသည် ..
" နားနေခန်းကဘယ်မှာလဲ ဒီအပေါက်ဝမှာပဲရပ်နေရမှာလား "
စိတ်မရှည်စွာပြောလာသူကဒေါ်ဟန်နီဝေပင်သူ၏အသွင်မှာ ဒီနေရာတွင်သူသည်အရေးပါပီး အထက်လူကြီးတယောက်ပုံစံလုပ်ပြနေသည် ..
" ဒီဘက်မှာပါအန်တီ "
မေဝင့်လွှာညီကလှမ်းညွှန်ပေးလိုက်တော့ ရှေ့မှထွက်သွားပီး ဝန်ထမ်းများအားဝေ့ကာကြည့်သွားသေးသည် .. သူ၏အကြည့်များမှာမောက်မာမှုများကအပြည့် ..
YOU ARE READING
She [ သူမ ]