Part - 30 [Zawgyi]

1.7K 49 4
                                    

လုပ်လတ်စအလုပ်လေးပြတ်တာနဲ့ လက်ကနာရီကိုကြည့်လိုက်တော့ နေ့လည်စာစားချိန်ပင်ရောက်နေတာမို့ မေဝင့်လွှာညီအခန်းဝသို့တချက်လှမ်းကြည့်လိုက်သည် . . ဒီရက်ပိုင်းသဘောတူညီထားကြသည့်အတိုင်း ထမင်းအတူစားနေကြခြင်းပေ . . ထိုကောင်မလေး၏ တောင်းဆိုမှုကို လိုက်လျောခဲ့သည့်ကိုယ့်ကိုကိုယ်လဲ တကယ်ကိုအံ့ဩမိသည် . . ပုံမှန်ဆိုထမင်းစားချိန်ဆိုတာနဲ့အခန်းထဲရောက်လာသူက ဒီနေ့တော့ဘာကြောင့်နောက်ကျနေသည်မသိ . . သူလာခေါ်မှဆိုပီး ထိုင်စောင့်နေ‌ရလောက်အောင်လဲ ကလေးမဆန်ချင်တာမို့ အလုပ်ပီးနေသည့်သူကပဲ သွားလိုက်မည်တွေးကာ ထွက်လာခဲ့လိုက်သည် . .

" မမေ ထမင်းစားသွားတော့မလို့လား "

ရုံးခန်းတွေရှေ့မှအဖြတ်မသန္တာကနှုတ်ဆက်လာတာမို့ မေဝင့်လွှာညီပြုံးကာခေါင်းညိတ်ပြလိုက်ရင်း . .

" ဟုတ်. . မသန္တာတို့ရော စာပီးပီလား "

" အခုပဲစား‌ကြတော့မလို့ပါမမေ ဟို .. MDက
ဧည့်သည်တွေ့နေတယ်ရှင့် "

" Aww ထမင်းစားချိန်ရောက်မလာသေးလို့လေ ဧည့်သည်ရှိနေတာလား "

မသန္တာနဲ့ပြောပီး သူ့ရုံးခန်းသို့လာခဲ့လိုက်သည် . . အရေးကြီးဧည့်သည်ဆိုရင်သူလဲသိနေကြမို့ ပုံမှန်ဧည့်သည်ပဲဖြစ်မည်ပင်.. ဘယ်လောက်ပဲ လက်ထပ်ထားကြသူတြွေဖစ်ပါစေ အလုပ်နဲ့ပတ်သက်ရင်စည်းထားကြတာမို့ ဧည့်သည်ရှိနေချိန်ဝင်သွားတာမျိုးမရှိပေ . . အခုတော့ထမင်းစားချိန်လဲရောက်နေပီး ဧည့်သည်ကလဲအရေးကြီးမဟုတ်တာမို့ . .

" ဒေါက်!! ဒေါက်!! "

အခန်းတံခါးခေါက်ပီး ဝင်သွားလိုက်တော့ အခန်းထဲရှိနှစ်ဦးသားက ခုံတွင်ထိုင်နေခြင်းမျိုးမဟုတ်ပဲ မျက်နှာချင်းဆိုင်ကပ်၍ ရပ်နေရာမှလှည့်ကြည့်လာကြသည် . . မိုးသားလွင်လွင်က သူ့ကိုမြင်သည့်အခါပထမအံ့သြသွားပီး မျက်နှာအနည်းငယ်ပျက်သွားသည်ကိုမြင်ဖြစ်အောင်မြင်လိုက်ရတာမို့ ဒေါသထွက်သွားမိသည် . . လူကိုမြင်ကာမှပူးကပ်နေသူများက အလန့်တကြားကိုယ်ခြင်းခွာလိုက်ကြတာဘာ‌သဘောလဲ ထိုသို့အလန့်တကြားမှာ ကိုယ့်လူဘက်ကသာ တဖက်ကမိန်းကလေးကတော့ အခုထိသူ့ကိုအဖက်မလုပ်လာသေး . .ဘာစကားတွေပြောနေတာမို့ ထိုင်းပီးတောင်မပြောနိုင်ကြတာလဲ . . စိတ်ထဲကဒေါသများကိုထိန်းကာ နှစ်ဦးသားအနားသို့လျှောက်သွားလိုက်သည် . .

She [ သူမ ]Where stories live. Discover now