Part - 36 [Zawgyi]

1.4K 39 4
                                    

သတ္တမြောက်ကောင်းကင်ဘုံ ဟုတင်စားကြသည့် တိမ်ပင်လယ်၏အလှပက အမည်နာမနဲ့လိုက်ဖက်လှသည် .. ဖြူလွှလွှတိမ်တွေက ကိုယ်အနီးနားမှာဝဲပျံနေသလို .. တိုက်ခတ်နေသည့် လေအေးတွေကြောင့် လူကတိမ်တွေကြားထဲပျံသန်းနေရသလို .. အမြင်အေးသည်  စိတ်ကိုအေးစေသည် .. ဒါကြောင့်လဲ လူတွေအရမ်းပင်ပန်းနေတဲ့အခါ အပန်းဖြေခရီးထွက်သင့်တာဖြစ်သည် .. အခုလိုသဘာဝရဲ့ အနှစ်သာရက သူတို့နှစ်ဦးသားရဲ့ကိုယ် စိတ် နှစ်ပါးကို အေးချမ်းသွားစေတာအမှန်ပင် ..

လှပတဲ့သဘာဝရူခင်းတွေရယ် ..ကိုယ့်အသက်ထက်ချစ်မြတ်နိုးရသူရယ်က အခုသူနှင့်အတူရှိနေသည် .. သူ့ဘဝမှာဘာမှထပ်မလိုတော့အောင်ပီးပြည့်စုံသွားသည်ဟု ခံစားရသည် .. သူ့ဘဝတလျှောက် ကြီးထွားခဲ့ရတဲ့လောဘသည် ဒီလူသားကိုပိုင်ဆိုင်ချင်သည့်တခုထဲသာမို့ အခုချိန်မှာ သူ့အတွတ်ဘာမှမလိုအပ်တော့ပါ .. ဆွယ်တာအဖြူမပွမကြပ်ကို ကာကီရောင်ဘောင်းဘီအရှည်နှင့်တွဲဝတ်ထားသူက အရင်နေ့တွေထက်အများကြီးလူငယ်ဆန်ကာ ပျိုမြစ်နေသည် .. မိတ်ကပ်အများကြီးလိမ်းရတာမကြိုက်သည့်သူမို့ အခုတွင် ပုံမှန်ထက်ပို၍ပါးကာလိမ်းခြယ်ထားသည့် ဝင်းမွတ်မွတ်မျက်နှာက အပြစ်အနာဆာကင်းသည်ကိုအရှင်းသားမြင်နေရသည် .. ရှေ့တည့်တည့်မြှမင်ကွင်းကို စိတ်ဝင်တစားငေးနေတာမို့ ရွန်းတောက်တောက်မျက်ဝန်းတွေက ပို၍အရောင်ပိုတောက်နေသည်မှာ ဘေးတိုက်အနေထားဖြင့်တောင်သိသာလှသည် .. သူ့လက်တြွေဖင့် ဆုပ်ကိုင်ထားသည့် လက်ဖဝါးပြင်ကို အသာဖျစ်လိုက်တော့ သူ့ဘက်သို့လှည့်ကြည့်လာသည် ..

"နေလို့ကောင်းရဲ့လားလွှာ"

"အင်း ထင်ထားတာထက်ပိုလှတယ် နေလို့လဲကောင်းတယ် မေမေကြီးနဲ့အန်တီ့ကိုကျေးဇူးတင်ရမယ် မဟုတ်ရင် ဒီလိုခရီးထွက်ဖြစ်မှာမဟုတ်ဘူး"

"ဟုတ်တယ်နော် ဘွားနဲ့မေကြီးက သားတို့ပင်ပန်းနေတာသိလို့ ခရီးထွက်ဖို့ပြောတာ"

"မိုးသားရောနေလို့ကောင်းရဲ့လား တလမ်းလုံးကားမောင်းလာရတော့ ပင်ပန်းနေမှာပေါ့"

"မပင်ပန်းပါဘူးလွှာရဲ့ သားဘေးမှာလွှာတယောက်လုံးရှိနေတာ ကမ္ဘာကြီးတခုလုံးလျှောက်သွားရမယ်ဆိုရင်တောင် သားကပင်ပန်းမှာမဟုတ်ဘူး"

She [ သူမ ]Where stories live. Discover now