Part - 15 [Zawgyi]

1.2K 33 0
                                    

သားဖြစ်သူအားမျက်နှာရိပ်ပြကာလူရှင်းသည့်ဘက်သို့ သားအမိနှစ်ယောက်ထွက်လာခဲ့လိုက်သည် ..

" ဘယ်လိုဖြစ်တာလဲသား အမရာကဒီကိုဘာလို့ရောက်လာတာလဲ ပီးတော့ဟိုကောင်မလေးနဲ့က တကယ်ညီအမတွေလား မာမီဘာလို့မသိတာလဲ "

" သူတို့နှစ်ယောက်ကဘာမှမတော်ပါဘူး
မာမီ .."

" အဲ့ဒါဆိုဟိုကောင်မလေးကဘာလို့အခုလိုပြောရတာလဲ "

" သားလဲမသိဘူးမာမီ ပီးမှသားစုံစမ်းလိုက်ပါ့မယ်.. အမရာကိုလဲနောက်တခါဒီလိုမလုပ်ဖို့သားပြောထားပါ့မယ် ..သားတောင်းပန်ပါတယ်မာမီ "

မိခင်ဖြစ်သူအား ခန့်ညားလွင်လိမ်လိုက်သည် .. ဒီလိုအကြောင်းရာကမာမီတို့လိုလူကြီးတွေအတွတ်နားမလည်နိုင်လောက်သလို ပြောပြချင်စိတ်လဲမရှိသေးတာကြောင့် စကားလမ်းကြောင်းသာလွှဲလိုက်သည် ..

" အေးပါ မာမီကသားအတွတ်စိုးရိမ်လို့ မေဝင့်လွှာညီကိုမာမီမကြိုက်ပေမယ့် ဒီCompany တခုလုံးကိုရဖို့က သူ့ကိုလိုအပ်တယ်.. ဒါကြောင့် သားလက်ထဲမရောက်ခင် အမှားယွင်းဖြစ်သွားလို့မဖြစ်ဘူး အမရာ့ကိုနားလည်အောင်ပြောပြပီး ဒီလိုကိစ္စနောက်ထပ်မဖြစ်အောင်နေပါ .. ဟိုကောင်မလေးကြောင့်ဒီနေ့ကကံကောင်းသွားတာ အမရာကဘာအရူးထတာလဲမသိဘူး .. အကုန်လုံးလမ်းဘေးရောက်အောင်လုပ်ချင်နေတာလား "

" သားတောင်းပန်ပါတယ်မာမီ နောက်မဖြစ်စေရပါဘူး "

မိခင်ဖြစ်သူကပြောပီးသည်နှင့် ဝိုင်းကိုပြန်သွားသည်ကိုကြည့်ပီး ခန့်ညားလွင်နှုတ်ခမ်းတွေကအဓိပ္ပါယ်ပါပါပြုံးလိုက်သည် ..

'မိုးသားလွင်လွင်.. မိုးသားလွင်လွင် တကယ်ရယ်ရတာပဲ ရအောင်ကိုကာကွယ်သွားသေးတယ် မိန်းမတယောက်အပေါ် မိန်းမတယောက်ရဲ့အချစ်ကအဲ့လောက်ကြီးမားတယ်လား ..မဆိုးပါဘူး ငါ့အတွတ်အသုံးဝင်သားပဲ အဟက် '

ခန့်ညားလွင်တယောက် သူ၏ဝိုင်းသို့ပြန်ရန်လှည့်အထွက် သူ့အားမျက်မှောင်ကြုံ့ကာကြည့်ရင်းပိတ်ရပ်နေသည့်မိုးသားလွင်လွင်အားတွေ့လိုက်ရသည် ..

" အဟက် မိုးသားလွင်လွင် မဟုတ်လဲငါမင်းကိုလာတွေ့မလို့ပဲ ခုနကအတွတ်ကျေးဇူးပဲနော် အာ ငါကကျေးဇူးတင်စရာမလိုဘူးပဲ မင်းကမင်းရဲ့မမအတွတ်လုပ်ပေးတာဆိုတော့လေ ဟုတ်တယ်မဟုတ်လား "

She [ သူမ ]Where stories live. Discover now