Part - 34 [Unicode]

7.4K 512 50
                                    

" Lwar City " လို့အမည်တပ်ထားကာ မှန်ရောင်တဖိတ်ဖိတ်တောက်နေသည့်အဆောက်အဦးကြီးရဲ့ဖွင့်ပွဲက လူကုံထံအသိုင်းအဝိုင်းနဲ့စီးပွားရေးလောကတခုလုံးကို ပွဲစည်သွားစေသည် .. တန်ဖိုးအားဖြင့် ခန့်မှန်းလို့တောင်မရသည့် ပမာဏကိုသုံးထားသည့် ဒီလိုအဆောက်အဦးကြီးတခုလုံးကို Lwin Group၏ဆက်ခံသူ မိုးသားလွင်လွင်က ဇနီးဖြစ်သူ မေဝင့်လွှာညီရဲ့မွေးနေ့လက်ဆောင်အဖြစ်ပေးတာမို့ သူဌေးကတော်တို့၏အားကျခြင်းကိုဖြစ်‌စေပီးယောကျာ်းဖြစ်သူတို့ကိုအပူကပ်စေသည် ..

ပွဲတခုလုံး အပြင်အဆင်များကအဖြူရောင်နဲ့အပြာဖျော့ဖျော့လေးကိုသာသုံးထားတာမို့ တိမ်တွေကြားရောက်နေသလိုခံစားရမှာပင် .. ဖိတ်ကြားထားသည့်ဧည့်သည်များကစုံလင်စွာရောက်နေပီဖြစ်သလို ဧည့်ခံမှုများကလဲလိုလေသေးမရှိ .. ခမ်းနားခြင်း လှပခြင်းတွေကြား .. အဓိကဖြစ်သည့်ဒီ‌နေ့ပွဲရဲ့ပိုင်ရှင်ကိုစောင့်မျှော်နေကြသည် ... ဖျော်ဖြေရေးငြိမ့်ငြိမ့်လေးနဲ့ အနောက်တိုင်းဆန်ဆန်အစားသောက်ဧည့်ခံမှုတွေက လာရောက်သူတိုင်းကိုဆွဲဆောင်နိုင်သည် ...

မကြာခင်ပင် Lwin Group၏ ဥက္ကဌဟောင်း ဒေါ်ထိပ်ထားလွင်နှင့်ချွေးမဖြစ်သူ ဒေါ်စန္ဒာခင်တို့ကဦးစွာရောက်လာတာမို့ စီးပွားရေးလုပ်ငန်းရှင်များ၏ နှုတ်ဆက်စကားသံများကဝေဆာလို့သွား‌တော့သည် .. ချမ်းသာကြွယ်ဝမှုနှင့် ကျန်းမာခြင်းတို့ကြောင့် ဒေါ်ထိပ်ထားလွင်မှာ အသက်ကြီးသည်အထိ ကျက်သရေရှိလှပနေဆဲပင် .. အဖိုးတန်ရတနာများကို ရိုးရိုးရှင်းရှင်းဆင်မြန်းထားသော်လဲ ထိုတန်ဖိုးများကပင် မနည်းလှ .. မြေးဖြစ်သူအပေါ်ဂုဏ်ယူနေသည်မှာ ပြုံးရွှင်နေသည့်မျက်နှာကသက်သေပင် ..

ထိုအချိန်တွင် လက်ရှိဥက္ကဌမိုးသားလွင်လွင်နှင့် Lwar Cityပိုင်ရှင်ဖြစ်သည့် မေဝင့်လွှာညီတို့က ပွဲအတွင်းသို့ရောက်ရှိလာသည် .. နှစ်ယောက်စလုံးက သာမာန်ထက်ပိုတဲ့အလှတရားတွေရှိကြတာမို့ အထူးတလည်ပြင်ဆင်မထားရင်တောင် အရှိန်ဝါတချို့ရှိနေတတ်သည် .. အခုလဲ အဖြူရောင်ဝတ်စုံကိုမှ မတူညီတဲ့ ဒီဇိုင်းများဖြင့်ဝတ်ထားပီး နီလာနှင့် စိန်ကိုသာအသုံးပြုထားသည့် လက်ဝတ်ရတနာများကိုဆင်မြန်းထားသည်မှာ တော်ဝင်မင်းသမီးနှစ်ပါးအလား .. ပွဲရှိလူများမှာ အားကျသည့်မျက်လုံးများဖြင့် အကြည့်မလွှဲနိုင်ကြ ..

She [ သူမ ]Where stories live. Discover now