ဆောင်းရာသီမကုန်သေးတာမို့ ညအခါရဲ့အအေးဓာတ်က ချမ်းစိမ့်စိမ့် .. တိုက်ခတ်နေသည့်လေတချို့က ခြံဝန်းထဲမှ ပန်းပင်ငယ်တချို့ကိုတောင် တချက်တချက်ယိမ်းနွဲ့စေတာမို့ မေဝင့်လွှာညီ ဝတ်ထားသည့်အပေါ်ထပ်၏ ရင်ဘက်နေရာသို့ဆွဲကာစုလိုက်သည် .. သူ့မျက်ဝန်းတွေက အပြင်ဘက်မှ ခြံဝန်းထဲဖြတ်ကျော်ဝင်လာမည့် ခြံတံခါးဝသို့ ..
"သားလေး ပြန်မလာသေးဘူးလား သမီးမေ"
နောက်ပါးဆီမှထွက်ပေါ်လာသည့်အသံကြောင့် သူဘေးသို့အသာကပ်ပေးလိုက်ရင်း ..
"ဟုတ်တယ်အန်တီ အလုပ်များနေတယ်ထင်တယ်"
"ဒီရက်ပိုင်း သားလေးနောက်ကျမြှပန်လာတာများတယ်နော် Company မှာအလုပ်အရမ်းများနေလို့လား"
"မေက Cityဘက်ကိုပဲတာဝန်ယူလိုက်တော့ ဟိုဘက်ရုံးကိစ္စတွေအကုန်လုံး မိုးသားတယောက်ထဲဦးစီးနေရတာမို့ အမြဲမဟုတ်တောင် စာရင်းချုပ်ရက်နဲ့ ပစ္စည်းအသစ်ထုတ်လုပ်တာမျိုးတို့ဆို အရမ်းအလုပ်များတယ်အန်တီ"
"အင်းပေါ့ လုပ်ငန်းခွင်ဝင်တာလဲမကြာသေး ဝင်တော့လဲ လုပ်ငန်းတခုလုံးကိုဦးစီးရတော့ သားလေးလဲအတော်ပင်ပန်းရှာမယ် ဒါပေမယ့် သမီးမေစိတ်မပူပါနဲ့ သားလေးကစိတ်ရောလူရော မာတဲ့သူ .. သူလုပ်နိုင်ပါတယ် .. အပြင်မှာအေးတယ် သမီးမေနားတော့လေ မေလဲတနေကုန်အလုပ်တွေပင်ပန်းထားမှာပဲကို"
"ဟုတ်အန်တီ မေဖုန်းဆက်ပီး ဝင်ခဲ့ပါ့မယ်"
အန်တီစန္ဒာ အိမ်ထဲဝင်သွားသည်နှင့် မကြာသေးသည့်မိနစ်ပိုင်းက ကိုင်သူမဲ့ဖုန်းအားထပ်၍ခေါ်ဆိုလိုက်သည် .. တကယ်ဆိုဒီရက်ပိုင်း သူစိတ်ပူပန်နေခဲ့ရတာတွေရှိသည် .. နေ့တိုင်းမဟုတ်တောင် တပတ်ကို နှစ်ရက်သုံးရက် ပုံမှန်နောက်ကျနေတတ်သူက ဘာကြောင့်ဆိုတာလဲမပြော .. တခါတလေဆို ပိတ်ရက်တောင် အပြင်ထွက်ထွက်သွားတတ်သည် .. သူ့အနေနဲ့ ချစ်ရသူကိုမယုံတာမဟုတ်ပေမယ့် PAမသန္တာကို မေးတော့လဲ ဒီရက်ပိုင်းCompanyတွင် ကြီးကြီးမားမားအလုပ်ရှုပ်နေတာမျိုးမရှိဘူး ဆိုတာမို့ ဘာရယ်မဟုတ် ရင်မောရသည် ..
ကိုယ့်လူကိုယ်ယုံပေမယ့် ဘေးလူတွေကိုသူ မယုံပါ .. သူ့ပိုင်ဆိုင်ရာက လိုချင်ဖွယ်ကောင်းတာမို့ ပို၍စိတ်မချဖြစ်ရသည် .. ပီးတော့မိုးသားလွင်လွင်က သိပ်ဖြူစင်သည် .. သူ့စိတ်ကရိုးရှင်းလွန်းတာမို့ လူတိုင်းကိုသူ့လို ထင်နေတတ်သည် .. ခေါ်ဆိုမှုသတ်မှတ်ထားသည့်အချိန်ကုန်ခါနီးသည့်အခါမှ တဖက်ကဖုန်းကိုင်လာသည် ..
YOU ARE READING
She [ သူမ ]