Eternal Bright Company ကြီးရဲ့ဝင်ပေါက်တွင် ရာထူးအကြီးပိုင်းဝန်ထမ်းများနှင့် အရေးပါသည့်တာဝန်ခံများက တန်းစီ၍စောင့်ဆိုင်းနေကြပီး ဝန်ထမ်းငယ်များနှင့် မိုးသားတို့လိုဝန်ထမ်းသစ်များမှာလဲ သိချင်စိတ်များဖြင့်နားစွင့်နေကြသည် .. အကြောင်းမှာတော့ ဤCompany ရဲ့ပဲ့ကိုင်ရှင် ဒေါ်ထိပ်ထားလွင်လာမည်ဖြစ်တာကြောင့်ပေ .. ဒေါ်ထိပ်ထားလွင်မှာအခုလက်ရှိတွင် ကိုယ်တိုင်အုပ်ချုပ်နေတာဖြစ်သော်လဲ အိမ်ကနေသာဦးစီး၍ တခါတရံမှသာ ရုံးသို့လာတတ်သည်... ဥပမာ အရေးကြီး meeting တို့ ပစ္စည်းအသစ်ထုတ်လုပ်မည့်အချိန်များနှင့် ပွဲအခမ်းနားလိုအချိန်များတွင်သာလာတတ် သည် .. အခုတခါတွင် ခရီးထွက်နေတာကြောင့် Companyသို့မလာသည်မှာ လနှင့်ပင်ကြာနေသည့်အတွတ် နောက်ဝင်သည့်ဝန်ထမ်းအသစ်များကမမြင်ဖူးကြသေးပေ ..
မိုးသားကတော့ ရုံးပိတ်ရက်နှစ်ရက်အတွင်း မတွေ့ခဲ့ရသည့်မျက်နှာလှလှကိုသာ စောင့်မျှော်နေမိသည် .. မကြာပေ ရှေ့ဆုံးမှလှမ်းဝင်သည့်ဒေါ်ထိပ်ထားလွင်အား စောင့်ကြိုနေသူများကဝိုင်း၍နှုတ်ဆက်ကြသည် .. သူ့နောက်တွင်တော့ မေဝင့်လွှာညီနှင့်အတူ ခန့်ညားလွင်တို့မိသားစုကလိုက်ပါလာသည် .. နီညိုရောင်ချိတ်လိုင်းကျဲလုံချည်အား အရောင်တူရင်ဖုံးလက်ရှည်ဖြင့် တွဲဝတ်ထားကာ ချိတ်လိုင်းပါပဝါကိုလွှမ်းခြုံ သည့် ဒေါ်ထိပ်ထားလွင်မှာ အရောင်ဝါတချို့ဖြင့်တင့်တယ်နေသည် .. သူမ၏မျက်နှာတွင် နှစ်လိုဖွယ်အပြုံးတပွင့်ကို ဆင်မြန်းထားပီး ထက်မြတ်မှုတို့ကမျက်လုံးအကြည့်တို့မှာအထင်းသား .. အရွယ်တင်ပီးအရေးကြောင်း အနည်းငယ်မှလွဲ၍ အိုစာခြင်းတို့မရှိ ..
" မေမေကြီး ကျန်းမာပါရဲ့လား "
အမှုဆောင်ဦးမြင့်သိန်းကနှုတ်ဆက်လိုက်ခြင်းပေ .. ဒေါ်ထိပ်ထားလွင်အား Eternal Bright Companyရှိ ရာထူးကြီး ၊ဝန်ထမ်းငယ်များသာမက Lwin Group တခုလုံးက ဝန်ထမ်းများရော နီးစပ်ရာငယ်ရွယ်သည့် ခင်မင်သူများကပါ မေမေကြီးဟုပင်ခေါ်ကြသည် ..
" ကျန်းမာပါတယ်ဦးမြင့်သိန်းရယ် ဟိုမှာနေလို့ကောင်းတယ် သဘာဝလေကိုရှူရတော့ ပိုပီးတောင်ကျန်းမာလာသလိုပဲ "
YOU ARE READING
She [ သူမ ]