Part - 18 [Unicode]

6.6K 560 45
                                    

" ပြန်လာပီလားသားလေး "

မိုးသားအိမ်ထဲဝင်လိုက်သည်နှင့် ဧည့်ခန်းတွင်ပန်းအိုးအလှထိုင်ဆင်နေသည့်မေကြီးက ပြုံးကာနှုတ်ဆက်လာသည် ..

" ဟုတ်မေကြီး .ဘွားကအခန်းထဲမှာလား ..လွှာရောသက်သာရဲ့လား "

" သားလေးရဲ့ဘွားကခုနကမှ သူ့အခန်းထဲဝင်သွားတာ မေကတော့ညနေက မောင်ခန့်ညားလာခေါ်လို့လိုက်သွားတယ် "

မေကြီးရဲ့နောက်ကစကားကြောင့်မိုးသား မျက်မှောင်တို့တွန့်ကွေးသွားကာ..

" ဘယ်သွားကြတာတဲ့လဲမေကြီး ဘာအတွတ်သူကလိုက်သွားရတာလဲ "

မိုးသားတို့ပြောနေစဉ်မှာပင် ခြံထဲမှကားသံကြားလိုက်ရတာကြောင့် ဝင်လာမည့်သူအားစောင့်နေလိုက်သည် ..

"သားလေး သူတို့နှစ်ယောက်ကအများအမြင် မှာအတိလင်းစေ့စပ်ထားကြတယ်ဆိုတာမမေ့နဲ့အုံး ဘယ်လိုပဲဒေါသထွက်ပါစေ ကိုယ့်ဘက်ကအလွန်မဖြစ်စေနဲ့ကွယ် "

မေကြီးကထို့လောက်သာပြောပီး အပေါ်သို့တက်သွားသည် ..

" ဒါကဘယ်ကပြန်လာကြတာတုန်း "

အိမ်ထဲဝင်လာသည့်နှစ်ယောက်အားမိုးသားမေးလိုက်ခြင်း ..စိတ်တိုနေတာကြောင့်သူ့အသံကဘောက်ဆတ်ဆတ်ထွက်သွားတော့ လွှာကမျက်လုံးအဝိုင်းသားကြည့်လာပီးနောက် အလိုမကျစွာမျက်မှောင်ကြုံ့သွားသည် ..နောက်မှခန့်ညားလွင်ကတော့အောင် နိုင်သူလိုအပြုံးဖြင့် ..

" ပြန်ရောက်နေပီလား "

" ပြန်ရောက်နေလို့မြင်တာပေါ့ ခေါင်းကိုက်လို့ပြန်နားတာမဟုတ်ဘူးလား "

စိတ်တိုနေတာကြောင့်သူမ မေးလာသည်ကို မိုးသားကောင်းကောင်းမဖြေချင်တော့ ..

" ဟုတ်တယ်လေ ဆေးသောက်ပီးနားလိုက်တာသက်သာသွားပီ ကိုခန့်ကလဲမိတ်ဆွေတွေနဲ့တွေ့ဆုံပွဲရှိတယ်ဆိုလို့လာခေါ်တာနဲ့
လိုက်သွားတာ "

" သူကသူ့မိတ်ဆွေနဲ့တွေ့ဖို့ရှိတာ လွှာကဘာကိစ္စလိုက်သွားတာလဲ သူ့ဘာသူသွားပါစေလေ "

" မိုးသား မင်းဘာဖြစ်နေတာလဲ "

မိုးသားတို့နှစ်ယောက်ပြောနေသည်ကို ငြိမ်နားထောင်နေသည့် ခန့်ညားလွင်ကခနဲ့ပြုံးကိုပြုံးကာ ..

She [ သူမ ]Where stories live. Discover now