Part - 19 [Zawgyi]

1.2K 37 0
                                    

ည9နာရီ !

မိုးသားနေရာမှာတင် မလှုပ်မယှက်ထိုင်နေဆဲ .သူအိမ်ကိုမပြန်ချင်သေး သူမရဲ့မျက်နှာကိုတွေ့လိုက်တိုင်းသိပ်မလိုတော့သည့်မင်္ဂလာပွဲကိုတွေးမိသည်ကသူ့အတွတ်အဆင်မပြေလှ.. ဒါကြောင့်ဒီရက်ပိုင်းသူမနှင့်မျက်နှာချင်းမဆိုင်ဖြစ်အောင် တတ်နိုင်သမျှအလုပ်တွေသာဖိလုပ်နေမိသည် ..မနက်ဆိုလဲအစောကြီးထကာ သူမ မရှိသည့်လုပ်ငန်းတွေသို့အလှည့်ကျသွားနေတတ်ပီး ညဆိုလဲအားလုံးအိပ်သွားချိန်မှသူပြန်သွားလိုက်သည်.. အခုလဲညနေရုံးဆင်းပီးထဲက ကေသီနှင့်သန္တာ့ကိုဖုန်းဆက်ပီး ဆိုင်ထိုင်နေခြင်းဖြစ်ကာ အခုချိန်မှာတော့ဟိုနှစ်‌ယောက်ကပြန်သွားပီမို့ သူတယောက်သာကျန်တော့သည် .လက်ထဲမှနာရီကိုတချက်ကြည့်တော့ 10နာထိုးတော့မည်မို့ မိုးသားထပြန်လာခဲ့သည် ..

ခြံထဲကားဝင်လာသည်နှင့် အိမ်ရှေ့ထိထွက်လာသည့်ပုံရိပ်လေးကြောင့် မိုးသားရင်ထဲမကောင်းဖြစ်သွားမိသည် ..သူ့ကြောင့်နဲ့မေကြီးစိတ်ပူနေရပီလေ ..

" မေကြီး "

" ဘာလို့ဒီလောက်နောက်ကျနေတာလဲသားလေးရယ် မေကြီးစိတ်ပူနေတာ "

" ‌သားတောင်းပန်ပါတယ်မေကြီး "

သမီးဖြစ်သူအားကြည့်ပီး ဒေါ်စန္ဒာခင်သက်ပြင်းအသာချလိုက်သည် ..ဒီကလေးဘယ်လိုခံစားနေရတယ်ဆိုတာ မိခင်ဖြစ်သည့်သူကအသိဆုံးပင် ဒီရက်ပိုင်းအိမ်ကလူတွေနဲ့မဆုံအောင်ရှောင်နေတယ်ဆိုတာလဲ သူသိသည် .. သို့ပေမယ့် သူသမီးဖြစ်သူက ဒီအတိုင်းအလျော့ပေးနောက်ဆုတ်နေတာကို သူမယုံနိုင် .. မိုးသားလွင်လွင်ရဲ့ဗီဇကဒီလိုလွယ်လွယ်အဆုံးရှုံးခံမည်မဟုတ်တာမို့ သမီးဖြစ်သူဘာတွေကြံစည်နေသည် သူမသိ .. ဒါမှမဟုတ် တကယ်ပဲလက်လွတ်ပေးလိုက်တာလား ..

"သားရဲ့ဘွားလဲ ခု‌နလေးကမှအခန်းထဲဝင်သွားတာ သူလဲစိတ်ပူနေရှာတယ် ဖုန်းဆက်တာ ဘာလို့မကိုင်တာလဲကွယ် "

" ဖုန်းကအိတ်ထဲထည့်ထားမိတာ silentလဲလုပ်ထားမိတော့ သားမသိလိုက်လို့ပါ.. နောက်တခါဘွားနဲ့မေကြီးကိုစိတ်ပူအောင်မလုပ်တော့ပါဘူး သားတောင်းပန်ပါတယ် "

She [ သူမ ]Where stories live. Discover now