Part - 24 [Unicode]

7.2K 703 56
                                    

" နော် လွှာကလဲ တခါတလေလေးအပြင်မှာစားတာ ဘွားနဲ့မေကြီးကဘာမှမပြောပါဘူး သားဖုန်းဆက်ပြောပီးပီ လွှာနဲ့နှစ်ယောက်ထဲစားချင်လို့ပါ လွှာဘာစားချင်လဲ လွှာစားချင်တာသွားစားကြမယ်လေ နော် "

မေဝင့်လွှာညီသက်ပြင်းချကာ သူ့ရှေ့မှအပူတပြင်းတောင်းဆိုနေသူအားကြည့်လိုက်သည် ..မျက်လုံးတွေကမျှော်လင့်ချက်တွေသန်းနေလိုက်တာများ တဖျပ်ဖျပ်ကိုလတ်လို့ ..ဒါလား Lwin Groupရဲ့ဆက်ခံသူ ..ဒါလားသူ့ကိုမတရားသိမ်းပိုက်ပီးရအောင်ယူထားတဲ့သူ ..တခါတလေကလေးဆန်ချက်က မေဝင့်လွှာညီပင်ဩချရ‌သည်.. အခုလဲကြည့်ကလေးတယောက်လို လိုချင်တာမရမခြင်း အမျိုးမျိုးသောစကားတွေဖြင့်မြူဆွယ်ပီးပြော မျက်နှာကိုလဲငယ်ထားလိုက်တာ ..မုန်းဖို့ကောင်းလိုက်တာ ..

"မင်းဘယ်လိုဖြစ်နေတာလဲမိုးသားလွင်လွင် အလုပ်မှာနော် မင်းကအထက်လူကြီးမဟုတ်ဘူးလား.. ကလေးကလား လာချွဲနေတာ
တခြားသူတွေမြင်မှာမရှက်ဘူးလား "

"ဟင့်အင်းမရှက်ပါဘူး လွှာကလဲ ကိုယ့်မိန်းမကို ကိုယ်ချွဲတာပဲဘာလို့ရှက်ရမှာလဲ "

မိုးသားတကယ်လဲမရှက်ပါ သူ့မိန်းမကိုသူချွဲတာဘယ်သူ့ရှက်ရမှာလဲ ..ပီးတော့မိုးသားလွင်လွင်က အလုပ်မှာဘယ်လိုလူလဲဆိုတာအကုန်လုံးသိကြသည် ..အသက်ငယ်ပေမယ့် အလုပ်နဲ့ပတ်သက်ရင်ဘယ်လောက်စည်းကမ်းကြီးတာ ..လုပ်ဖော်ကိုင်ဖက်တွေအပေါ်လဲကျောသားရင်သားမခွဲခြားပဲ အခွင့်အရေးအပြည့်ပေးသလို ပြောစရာရှိရင်အားမနာတမ်းပြောတတ်တာ ..ကိုယ်တိုင်လဲအလုပ်ကိုကြိုးစားလွန်းလို့ တွေ့ခဲ့ဖူးသည့်ဝန်ထမ်းသစ်လေးမိုးသားလွင်လွင်ဆိုသည့် အသိစိတ်တွေအကုန်ပျောက်ပီး လက်ရှိအုပ်ချုပ်နေသည့် MDမိုးသားလွင်လွင်အဖြစ်သာ စိတ်ထဲရှိကြတော့သည် ..မိုးသားထက်အသက်အများကြီး ကြီးပီး လုပ်သက်ရင့်ဝန်ထမ်းကြီးများပင် လေးစားရသည့် သူအဖြစ်သူ့ရဲ့လုပ်ရည်ကိုင်ရည်ကသက်သေပြခဲ့သည် ..ဒါကြောင့် မိုးသားတို့ရဲ့ဒီလိုပုံက သူ့ရဲ့အလုပ်ကိုထိခိုက်မှာမပူပါ မိုးသားတို့ကမျက်နှာနှစ်ခုပဲ သူချစ်ရတဲ့လွှာရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင်ငယ်လေးပုံရိပ်ကိုပဲပြမှာ ..

She [ သူမ ]Where stories live. Discover now