Part - 2 [Zawgyi]

1.9K 39 3
                                    

အရင်ရက်တွေကအကျင့်ပျက်ခဲ့မှုတွေကြောင့် ဒီနေ့မနက်ကို အိပ်ယာကမနည်းထယူရသည်.. ရေမိုးချိုးပြင်ဆင်ပီးသည်နှင့် အိတ်လွယ်ကာပြေးထွက်လာသော သူ့အားမြင်သည်နှင့် . .

"အမလေး ဖြည်းဖြည်းလုပ်ပါ သားလေးရယ် ချော်လဲနေပါ့မယ် မနက်စာလေးစားသွားပါအုံးလား "

"မစားတော့ဘူးမေကြီး သားနောက်ကျနေလို့ ပြန်လာမှစားတော့မယ် .. သွားပီနော်မေကြီး ချစ်တယ် မွ "

ပြောလဲပြော အမေဖြစ်သူ၏ပါးပြင်အားနမ်းကာ ပြေးထွက်သွားသော သမီးအား မြင်ကွင်းမှပျောက်သွားသည်အထိလိုက်ကြည့်နေမိသည် ..

"ဟောတော် ဒီကလေးမလေးကတော့ ဗိုက်ဆာနေတော့မှာပဲ . . "

.
.

အဆောက်အဦးထဲဝင်လိုက်သည်နှင့် ရုံးခန်းများစွာက မတူညီသောယူနီဖောင်းတို့ဖြင့် ဝန်ထမ်းများစွာသည် ဆိုင်ရာရုံးခန်း အထပ်များသို့ သွားလာလှုပ်ရှားနေကြသည် .. မိုးသားလွင်လွင်တယောက် သူInterview ဝင်ရမည့်ရုံးခန်းရှိရာ ငါးလွှာသို့ တက်ခဲ့လိုက်သည် ..

ဓာတ်လှေကားထဲမှထွက်လိုက်သည်နှင့် Eternal Bright Training Co. Ltd ဆိုသည့် ဆိုင်းဘုတ်ကြီးက ရွှေရောင်ဖိတ်ဖိတ်ထလို့နေသည် . . မိုးသား Receptionသို့သွားကာ ကောင်တာတွင်ရှိနေသော အမတယောက်အား ..

" အမ .. Interview လာတာပါ "

" အော် .. ဒုတိယမြောက်အခန်းကိုဝင်သွားလိုက်နော် "

" ဟုတ်အမ ..ကျေးဇူးပါ "

ဧည့်ကြိုကောင်တာမှအမညွှန်ပြလိုက်သည့် အခန်းသို့ဝင်လိုက်သည်နှင့်သူ့လို Interview
လာသည့်သူ လေးငါးယောက်ကိုတွေ့လိုက်ရသည် ..မိုးသားအကုန်လုံးအား ပြုံးပြလိုက်ပီး ခုံလွတ်တခုတွင်ဝင်ထိုင်လိုက်သည် ..

15မိနစ်လောက်အကြာတွင် ပထမဆုံးတယောက်ဝင်သွားရတာကြောင့် သားဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ချိန် .. ဒုတ် !! .. ခုန်လှုတ်သွားသည့်နှလုံးသားနေရာနှင့်အတူ သားရဲ့နှုတ်ခမ်းတို့ဟာ ပွင့်ဟသွားရတယ် .. သူမ .. သားရဲ့သူမ ..

ကျောက်စိမ်းရောင်အရင့်အနုရောစပ်ထား သည့်ပါတိတ်အဆင်စိပ်စိပ်လေးအား ခေတ်မှီပုံကျစွာ ဝတ်ဆင်ထားသည့်သူမ .. အချိုးစားကျလှတဲ့ သူမရဲ့ခန္တာကိုယ်ပေါ်မှာ မြန်မာဝမ်းဆက်လေးကချပ်ကပ်သေသပ်နေသည် .. အခုတခါ စတွေ့သည့်နေ့ကလို ဆံပင်တွေကို စုမစီးထားပဲ အလယ်ခွဲ၍ ဘေးနှစ်ဘက်အလိမ်လေးတွေလိမ်ထားကာ ကျောက်စိမ်းကလစ်ရှည်လေးတြွေဖင့် နှစ်ဖက်တွယ်ညှပ်ထားပီး ကျန်ဆံပင်တွေအား ဖြည်ချထားသည် .. ခပ်ဖျော့ဖျော့နှုတ်ခမ်းနီအရောင်က ဝင်းမွတ်ကြည်စင်နေသည့်မျက်နှာပေါ်တွင် အဆင့်တန်းရှိစွာ တည်ရှိနေပီး ရွန်းတောက်တောက်မျက်လုံးရွဲကြီးတွေကိုပါ အရောင်အဖျော့ဖြင့် ခပ်ပြေပြခြေယ်သထားသည်က လိုက်ဖက်ညီလွန်းလှ၍ သူမ၏တမျက်နှာလုံး နန်းဆန်လိုက်တာဆိုတာ . .

She [ သူမ ]Where stories live. Discover now