Part - 33 [Unicode]

9.7K 704 128
                                    

မနက်မိုးလင်းထဲကထွက်သွားသူက ဖုန်းပင်ဆက်သွယ်လို့မရ .. ညကပြောပြဖို့ကြိုးစားပေမယ့် လုပ်ငန်းတခုကိုဦးဆောင်နေရသူအား ဘာမဟုတ်တဲ့မွေးနေ့လေးတခုနဲ့ အနှောက်ယှက်မပေးချင်တာမို့ .. သို့ပေမယ့်လဲ တနှစ်မှတခါကျရောက်သည့်မွေးနေလေးမှာတော့ ချစ်ရသူကိုအတူရှိစေချင်သည် .. အခုတော့ ပုံမှန်နှစ်တွေလုပ်နေကျဖြစ်သည့် ဘုရားသွား၊ ကုသိုလ်ပြုခြင်းတွေလုပ်ဖို့တောင် စိတ်မပါတော့ ..

" ဒေါက်!! ဒေါက် !! သမီးမေရေ သမီးရဲ့မေမေကြီးကပီးပီလားတဲ့ ပီးပီဆိုသွားရအောင်တဲ့ အောက်မှာစောင့်နေတယ် "

ဘာကိုအလိုမကျမှန်းမသိသည့်စိတ်က အန်တီစန္ဒာခင်၏အသံကြောင့် သက်ပြင်းချကာ

" ဟုတ် အန်တီ မေပီးပါပီ "

ပါးစပ်မှလဲပြန်ဖြေရင်း အိတ်ယူကာအောက်ထပ်သို့ ...

" ဟော သမီးမေကလှလိုက်တာ အချိန်တိုင်းလှနေတာဆိုပေမယ့် ဒီနေ့ကကြည့်ရတာအေးချမ်းလိုက်တာ .. မြေးကလဲလေ အလုပ်တွေဖိလုပ်နေတော့တာပဲ ညနေတော့စောစောပြန်လာလောက်မှပါ အဲ့အခါကျ မိသားစုစားပွဲလေးလုပ်ကြတာပေါ့ "

" ဟုတ်ကဲ့ပါမေမေကြီး မိုးသားကအလုပ်ရှုပ်နေလို့နေမှာပါ မွေးနေ့ကနှစ်တိုင်းရှိနေတာမို့ အထွေအထူးမလုပ်လဲရပါတယ် "

" အဲ့လိုတော့ဟုတ်မလားကွယ် တနှစ်မှတရက်ကျရောက်တာ ကိုယ်ချစ်ရတဲ့သူတွေနဲ့တော့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသင့်တာပေါ့ အခုဆိုသမီးမေမှာ မိသားစုဝင်တွေတောင်ထပ်တိုးလာပီ "

မေမေကြီးရဲ့စကားကသူ့ကိုနွေးထွေးသွားစေပေမယ့် ချစ်ရသူကတော့သိတောင်မသိရှာတာမို့ စိတ်ထဲမကောင်းဖြစ်ရပြန်သည် ..

ဘုရားရောက်သည်နှင့် မွေးနံတွင်ဘုရားဝတ်ပြုကာ သူ့နံမည်ဖြင့်မေမေကြီးကလှူဒါန်းစေသည် .. အသက်ကြီးသူမေမေကြီးအား ပင်ပန်းမှာစိုးတာမို့ ဘုရားဝတ်ပြုပီး ဘုရားတပတ်ပတ်ကာ သုံးယောက်သားပြန်ခဲ့ကြသည် .. မေဝင့်လွှာညီတို့အိမ်ပြန်ရောက်သည်အထိ အလုပ်ကြိုးစားသူဆီက ဆက်သွယ်မလာသေး ...

အဝတ်စားလဲရေချိုးပီး အလုပ်လုပ်ဖို့လဲစိတ်မပါတာမို့ တရေးအိပ်ဖို့သာစဉ်းစားလိုက်သည် ..

She [ သူမ ]Where stories live. Discover now