Part - 20 [Unicode]

8.7K 622 26
                                    

အနမ်းတပွင့်ကအဆိပ်တက်စေတယ်ဆိုတာ မိုးသားအခုမှသိတော့သည် ..ထိုနူးညံ့ပီးယစ်မူးဖွယ်ရာအထိအတွေ့က မိုးသားကိုအပီးသတ်ချုပ်နှောင်လိုက်ပီမို့ လွတ်မြှောက်ဖို့ရာလမ်းကို မမြင်တော့ ..တကယ်ဆိုလွတ်လဲမလွတ်မြှောက်ချင်ပါ ..လွှာဆိုတာက သူ့အတွတ်အဆုံးစွန်သောပိတ်မိချင်သည့် လှပသောလှောင်အိမ်တခု ..ချစ်သည် ..သေလောက်အောင်ချစ်သည်.. မဟုတ်ဘူး ချစ်လွန်းလို့ ဘယ်တော့မှမသေဆုံးချင်ပဲ အဆုံးသတ်ဆိုတာမရှိသည့် ဘဝလမ်းကိုအတူတူလျှောက်ချင်သည် ..တခြားတယောက်နှင့်တွဲမြင်ဖို့မပြောနဲ့ အတွေးဖြင့်တောင် မပြုလုပ်နိုင်အောင် လွှာ့ကိုရူးသွပ်ရပါသည် ..

လွှာနှင့်‌နေ့ရက်ပေါင်းများစွာ ဖြတ်ကျော်ချင်သော်လဲ မနက်ဖြန်ဆိုသောရက်စွဲကိုတော့ မိုးသားတကယ်ကိုကျော်လိုက်ချင်ပါသည် ..မနက်ဖြန်! ထိုမနက်ဖြန်သည် လွှာနှင့် တခြားအမျိုးသားတယောက်၏ လက်ထပ်ပွဲကျင်းပမည့်ရက်စွဲမို့ မိုးသားအတွတ်ရွံရှာဖွယ်ရာနေ့ပင် .. ထို့အပြင် သူပြင်ဆင်ထားခဲ့သည့်အရာတွေအတွတ် လွှာ့ဆီကသူရလာမည့်ရလာဒ်ကိုသူမတွေးရဲ ..ဤကမ္ဘာတွင်ဘယ်သူတွေက သူ့အပေါ်ရွံရှာမုန်းတီးပါစေ ထိုလူသားအထဲတွင် လွှာပါ၍မဖြစ် ..မေကြီးကိုတော့သူယုံတာမို့ ဘွားကိုတော့အားနာမိပါသည် ..မိုးသားလွင်လွင်၏ ဘဝတွင် ပထမဆုံးနှင့်နောက်ဆုံးသော မိုက်မဲသည့်လုပ်ရက်သည် မနက်ဖြန်တွင်ဖြစ်လာမည့် လုပ်ရက်ပင်ဖြစ်သည် ..

" 📞📞📞နင်မရှိပဲငါမနေတတ်တော့ဘူးလေ .. နင်မသိပဲငါဘာမှမလုပ်ဘူးလေ ..အကောင်းဆုံးတစိမ်းကမင်းပဲ .. ထာဝရမင်း ငါ့ကိုချစ်ပေးလေ ..📞📞📞 "

သုံးခါမြောက်မြည်လာသည့်ဖုန်းသံဆုံးခါနီးမှ ဖုန်းကိုကောက်ကိုင်လိုက်သည် ..

" မေကြီး ..."

" သားလေး ..နောက်ကျနေပီလေ ပြန်မလာသေးဘူးလား "

" အခုပဲပြန်လာတော့မလို့ပါမေကြီး မေကြီးအိပ်နှင့်လေ "

" မေကြီးလဲအဲ့ဒါပြောမလို့ ..ဟို .. "

ပြောဖို့တွန့်ဆုတ်နေသည့် မေကြီးက တခုခုကိုစိတ်မကောင်းဖြစ်နေဟန်..

She [ သူမ ]Where stories live. Discover now