Part - 7 [Unicode]

6K 517 13
                                    

နှစ်ရက်လုံးလုံးကြိတ်မှိတ်သည်းခံနေပီးနောက် သုံးရက်မြောက်နေ့တွင်တော့ အလုပ်
သို့ထွက်လာခဲ့တော့သည် ..

" ဟယ် မိုးသား ခွင့်ကဒီနေ့ထိပေးထားတယ်မဟုတ်လား "

" ဟီး ဟုတ်တယ်အမသူဇာရဲ့ အိမ်မှာနေရတာပျင်းလို့ သက်လဲသက်သာနေပီဆိုတော့ လာလိုက်တာ "

တက်ကြွစွာရုံးခန်းထဲအဝင် မမရဲ့PAမသူဇာနဲ့တွေ့ပီးမေးလာတာကြောင့် သွားဖြဲကာပြန်ဖြေလိုက်သည် .. အမှန်ဆိုလွှာ့ကိုသူအရမ်းလွမ်းနေပီဖြစ်သည် နားနေတဲ့နှစ်ရက်အတွင်းနှင့် ထိခိုက်မိတဲ့ရက်တပိုင်းပါတွက်ရင် နှစ်ရက်တပိုင်းလုံး သူမမျက်နှာကိုမတွေ့ရတာ မိုးသားအတွတ်အဆင်မပြေလှ ..

" သက်သာတယ်ဆိုတော့တော်သေးတာပေါ့ ဒီရက်ပိုင်းနားနားနေနေလုပ်ပေါ့ "

" ဟုတ်အမသူဇာ "

" မိုးသား .. နင်ရုံးပြန်တက်ပီလား "

မသူဇာနှင့်ပြောနေတုန်းပင် ကေသီနှင့်သန္တာကဝင်လာကာ သူ့ကိုမြင်တော့အံ့ဩသွားကြသည် ..

" အေးဟယ် မိုးသားကလဲ နင်ဒီနေ့ရုံးပြန်တက်မယ်ဆိုတာ ငါတို့ကိုဘာလို့မပြောတာလဲ "

သန္တာရဲ့မကျေမနပ်ပြောလာခြင်းကို ကေသီကပါထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လာတာကြောင့် နောက်တခါမိုးသားတို့သွားဖြဲရတော့သည် .. ဒီလိုပဲမိုးသားဆိုတာက ငယ်ငယ်ထဲက လူကြီးလူငယ်အကုန်လုံး ထိုအမူယာဖြင့်အနိုင်ယူခဲ့ခြင်း .. စိတ်ဆိုးစိတ်ကောက်မည့်သူများက မိုးသားရဲ့အပြစ်ကင်းကာချစ်ဖို့‌ကောင်းသည့်ဆွဲဆောင်မှုအောက်တွင် အရှုံးပေးကြရတာချည်း .. ထို့အထဲတွင်တော့ချွင်းချက်အနေဖြင့် သူမ မပါ ..

သူမ .. အင်း သူမအကြောင်းတွေးလိုက်သည်နှင့် ရွှင်မြူးလာသည့်ရင်အစုံကထိန်းမရ ..

" မပြောဘူးဆိုတာက နင်တို့ကို Surprise လုပ်ချင်လို့ပါ ငါ့ရဲ့သူငယ်ချင်းလေးနှစ်ယောက်ကငါ့ကိုဘယ်လောက်တောင်လွမ်းနေမလဲ သိချင်လို့ အဟီး "

မိုးသားရဲ့နောက်ပြောင်စကားအား ကေသီနှင့်သန္တာကမျက်စောင်းဖြင့်တုံ့ပြန်လာကာ

She [ သူမ ]Where stories live. Discover now