နောက်ဆုံးထွက်ပေါ်လာသည့်အမှန်တရားမှာတော့ မိုးသားဖခင် ဦးမြတ်မင်းလွင်သည်ဒေါ်ထိပ်ထားလွင်၏တဦးတည်းသောသားဖြစ်ပီး မိုးသားလွင်လွင်ဆိုသည့်သူကတော့ Lwin Groupကြီး၏ပဲ့ကိုင်ရှင်ဒေါ်ထိပ်ထားလွင်ရဲ့မြေးဖြစ်နေခြင်းပေ ..အဖြစ်ပျက်ကမြန်ဆန်လွန်းလို့ မိုးသားကိုယ်တိုင်လဲမယုံကြည်နိုင်သေး.. ဘွားဒေါ်ထိပ်ထားလွင်အားစတွေ့ချိန်ထဲက စိတ်ထဲအရင်းနှီးမြန်သော်လဲ အခုလိုမြေးအဘွားဆက်ဆံရေးဖြစ်နေမည်ဟုအိမ်မက်ပင်မမက်ခဲ့ ..ငယ်စဉ်ထဲကမိဘနှစ်ပါး၏ နှစ်ဖက်အသိုင်းဝိုင်းအကြောင်းကိုပြောပြဖူးတာမရှိသလို သူမေးသည့်အခါတွင်လဲတိတိ ကျကျထွက်မလာတာကြောင့် ဆွေမျိုးအသိုင်း ဝိုင်းမရှိဘူးလို့ထင်ခဲ့ခြင်းပေ ..
အခုဆိုရင်တော့ စည်းပွားရေးအသိုင်းဝိုင်းတခုလုံးသာမက Mediaများတွင်တောင်အတိ အလင်းထုတ်ပြန်လိုက်တဲ့ဘွားကြောင့် မိုးသားတယောက်မှာတော့နေ့ချင်းညချင်း သူဌေးမြေးမ အဖြစ်သို့ရောက်ရှိသွားလေပီ ..မေကြီးကတော့မာနကြီးသူပီပီဝမ်းသာနေတာမျိုးမရှိသလို မပတ်သက်ချင်သည့်ပုံပင်ဖြစ်နေသည် ..ယောကျာ်းဖြစ်သူနှင့်ပတ်သက်ပီး စိတ်နာနေသေးပုံပင် .. သို့သော်လဲသမီးဖြစ်သူ၏ရှေ့ရေးအတွတ်တော့ မိခင်တယောက်အနေနဲ့ အတင်းကြပ်တားဆီးတာမျိုးမလုပ်သလို မိုးသား၏ သဘောအတိုင်းလက်ခံပေးခဲ့သည် ..
မိုးသားသည်လဲဖခင်ဖြစ်သူအပေါ်ဘွားအေ ၏လုပ်ရက်အတွတ်စိတ်နာစိတ်ဆိုးတာမျိုးမရှိသလို သွေးကစကားပြောသည့်အတိုင်းဘွားကိုစတင်တွေ့ဆုံထဲက ရင်းနှီးချစ်ခင်ခဲ့သည် ..သို့သော်မိုးသားသည်လဲမိခင်ဖြစ်သူလို မာနကြီးပါသည် ပုံမှန်ဆိုအခုလိုစည်းစိမ်ချမ်းသာတွေကိုမက်မောပီး Lwin Group၏ မြေးအဖြစ်လူသိရှင်ကြားနေမှာမဟုတ်ပေ ..သားအမိနှစ်ယောက်သားဘဝကိုအေး အေးချမ်းချမ်းနေထိုင်သွားကာ ဘွားကိုတခါတလေသွားသွားတွေ့မည်.. အခုတော့မိုးသားထိုသို့မလုပ်နိုင် အရာရာကိုငွေနှင့်လုပ်ယူလို့မရပေမယ့် တချို့သောအရာတွေကိုပိုင်ဆိုင်နိုင်ဖို့ အာဏာတခုလိုအပ်သည်.. ထိုအာဏာကလဲငွေကြေးနဲ့လုပ်ယူလို့ရနေသည် .. မိုးသားအတွတ်တော့ရှင်းပါတယ် ဒီကမ္ဘာမှာသူလိုချင်နေတာတခုတည်း ဒါကလွှာဆိုတဲ့မိုးသားချစ်ရသူ.. အနည်းဆုံးတော့ ဒေါ်ထိပ်ထားလွင်၏မြေးအဖြစ်က လွှာ့ကိုပိုင်ဆိုင်နိုင်ဖို့အထောက်ကူဖြစ်နိုင်သည် ..
YOU ARE READING
She [ သူမ ]