Part - 26 [Unicode]

11.4K 669 55
                                    

" လွှာ "

လွှာကမျက်မှောင်ကြုံ့ကာအနားရောက်လာတာမို့ မင်းသဏ္ဌာန်၏လက်ထဲမှရုန်းထွက်ကာ လွှာ့ဘေးသို့အမြန်သွားလိုက်သည် ..

" ဘယ်လိုဖြစ်လို့ဒီလောက်မူးအောင်သောက်ရတာလဲမိုးသားလွင်လွင် "

မျက်နှာတခုလုံးရဲတွတ်နေသည့်သူ့အားကြည့်ကာ အလိုမကျစွာပြောလာတာမို့ မိုးသားခေါင်းမူးနေတာပင်ပြေချင်သွားသည် ..

" မ..ဟုတ် "

" မင်းနဲ့အိမ်ရောက်မှရှင်းမယ် ကားပေါ်တက်နှင့် "

ပုံမှန်ထက်တည်တင်းနေသည့်မျက်နှာကြောင့်ယိုင်နဲ့နဲ့‌ခြေလှမ်းများနှင့်ပင်မိုးသားကားပေါ်အမြန်တက်လိုက်သည် ..မဟုတ်ရင်သူ့ရဲ့ဒေါသအိုးလေးဒီ့ထက်စိတ်တိုမှာကြောက်တာမို့ ..

မိုးသားကားပေါ်ရောက်သွားသည်နှင့် မေဝင့်လွှာညီ မင်းသဏ္ဌာန်နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည် ..အခုတွင်တော့မင်းသဏ္ဌာန်၏ မျက်နှာမှာ စားရခါနီးလွတ်သွားသည်မို့ မဲမှောင်လို့နေသည် ..

" လူမြင်မကောင်းဆွဲလားရမ်းလားလုပ်နေတယ်ဆိုလို့ တခြားလူထင်တာ ကိုမင်းသဏ္ဌာန်ဖြစ်နေတာကိုး ခုနကျွန်မမြင်လိုက်ရတာက လူကြီးလူကောင်းတယောက်ရဲ့ပုံစံမဟုတ်ဘူးလားလို့ "

" ကိုယ်ကမိုးသားကိုကူညီပေးယုံပါ "

" အဟင်း ဟုတ်မှာပါ မိုးသားကအဲ့လိုပဲလူချစ်လူခင်‌အရမ်းပေါတာ သူ့ကိုဆိုကူညီချင်တဲ့သူတအားများတာ ကျွန်မက ကျွန်မအမျိုးသမီးအပေါ်ရှင်ပြောခဲ့သလိုမချစ်ဘူးဆိုပေမယ့် သူကတန်ဖိုးရှိတဲ့လူကောင်းတယောက်ဆိုတာတော့အသိမှတ်ပြုထားပါတယ် ..ဒါကြောင့်လဲစိတ်မချတာလေ အခုခေတ်က အိမ်ထောင်ရှိအမျိုးသမီးတွေဘာတွေနားလည်တာမဟုတ်ဘူး နှိုက်‌မြည်းချင်ကြတာ.. မတန်ရာတန်ရာတွေလဲမသိကြဘူးလေ မိုးသားကရိုးသားပီးတပါးသူအပေါ်အကောင်းမြင်တတ်တော့ ဟန်ဆောင်မျက်နှာဖုံးတွေ ဘီလူးခေါင်းဆောင်းထားတာတွေ သူသိတာမဟုတ်ဘူး "

" မမေဝင့်လွှာညီ ဘာပြောချင်တာလဲ "

" ကျွန်မပြောချင်တာကလား ကျွန်မပိုင်တဲ့အရာကိုလာမထိနဲ့လို့ပြောချင်တာ "

She [ သူမ ]Where stories live. Discover now