Part - 28 [Zawgyi]

1.7K 36 0
                                    

မိုးသားရဲ့အတင်းချော့မော့ဆွဲထားမှုကြောင့် အခုတော့စား‌သောက်ဆိုင်ရဲ့စားပွဲခုံမှာ သုံးယောက်သားမျက်နှာဆိုင်ထိုင်နေကြသည် ..

" လွှာ ဘာစားချင်လဲ မနက်ကဘာစားခဲ့လဲ "

" ငါအိမ်က စားခဲ့တယ် မင်းတို့ကိစ္စရှိနေရင်သွားကြလေ ငါလဲဝယ်စရာရှိတာဝယ်ပီးပြန်တော့မှာ "

မိုးသားသူ့ရှေ့မှသူ့ကိုမကြည့်ပဲ ပြောချင်ရာပြောနေသည့်သူကိုအသည်းယားစွာပြုံးလိုက်မိသည် ..

"လွှာဝယ်စရာရှိသေးတယ်ဆို သားလဲအဖော်လိုက်ပေးမယ်လေ ပီးရင်အတူတူပြန်မယ် "

သူ့ကိုပြုံးပြုံးကြီးကြည့်ပီးပြောလာတာမို့ မနေတတ်စွာ အကြည့်လွှဲလိုက်စဉ် ‌သူ့ဘေးနားထိုင်နေသည့် ကလေးမကိုအကြည့်ကရောက်သွားတော့ ဘာရယ်မသိစိတ်ကအလိုမကျချင် . .

" မလိုပါဘူး ငါကအခုပြန်တော့မလို့ မင်းတို့ဘာသာသွားစရာရှိတာသွားပါ "

"သားလဲအခုအိမ်ပြန်တော့မလို့  ပီးတော့လွှာတယောက်ထဲစိတ်မချပါဘူး တခါတည်း နှိုင်းငယ်နဲ့မိတ်ဆက်ပေးရမယ် လွှာ သူက နှိုင်းဝတီငယ်တဲ့ သားနဲ့အထက်တန်းမှာတွေ့ခဲ့တဲ့သူငယ်ချင်း ဆယ်တန်းပီးတော့ နှိုင်းငယ်က USမှာကျောင်းသွားတက်ပီး ရှေ့လကမြှပန်ရောက်တာ . . နှိုင်းငယ် ဒါက ငါ့ရဲ့ Wife နင့်ကိုပြောပြဖူးတဲ့ငါ့ရဲ့ သူမ ပေါ့ . .

မိုးသားရဲ့အပြောကြောင့် မျက်နှာဝင်းဖြူဖြူလေးက ပန်းရောင်သန်းသွားသည်ကို မိုးသားမြတ်နိုးစွာကြည့်မိသည် . . မိုးသားရဲ့ သူမကတကယ့်ကို ကြင်နာချင်စရာလေး . .

" ဟုတ် တွေ့ရတာဝမ်းသာပါတယ် မမမေ နှိုင်းငယ်ကမမမေကိုမမြင်ဖူးပေမယ့် မမမေအကြောင်းတော့ ဒီမလာခင် တလအလိုထဲက မိုးသားရဲ့ကြွားလုံးတွေနဲ့ရင်းနှီးနေပီးသား နှိုင်းငယ်ကိုလဲ မိုးသားလိုပဲခင်မင်နိုင်ပါတယ် "

ရှေ့ကသွက်လက်စွာမိတ်ဆက်လာသည့် ကောင်မလေးကြောင့် မေဝင့်လွှာညီလဲ ဘေးကတယောက်အပေါ်မကျေနပ်မှုကြောင့်မှူန်ကုတ်နေသည့်မျက်နှာကိုပြင်လိုက်ရသည် ဘယ်လိုပဲဖြစ်ပါစေသူကလူကြီးတယောက်မို့ အငယ်ဖြစ်သူကရင်းရင်းနှီးနှီးနှုတ်ဆက်လာသည်ကို အဖက်မလုပ်ပဲနေရလောက်အောင်သူမရိုင်းပါ . .

She [ သူမ ]Where stories live. Discover now