Part - 32 [Zawgyi]

1.9K 44 6
                                    

ခြံထဲကကားသံကြောင့်မေဝင့်လွှာညီ သက်ပြင်းအသာချလိုက်မိသည် ..စောနကထိပူပန်နေသည့်စိတ်က အခုတော့အလိုမကျမှုနှင့်အတူမျက်နှာကိုစူပုတ်ထားလိုက်သည် ..

ဒီရက်ပိုင်း ဘာတွေအလုပ်ရှုပ်နေသည်မသိသည့်ကောင်မလေးက မျက်နှာချင်းဆိုင်ဖို့ခက်ခဲစွာ ..မနက်ဆိုအစောကြီးထသွားတတ်ပီး ညဆိုအခုလိုပဲနောက်ကျမြှပန်လာတတ်သည် ..ဘာကြောင့်ဆိုတာမေးလဲမဖြေတာမို့ ထိုကောင်မလေးကိုသူစိတ်ဆိုးချင်နေပီလေ ..

" ဟာ လွှာမအိပ်သေးဘူးလား "

အိမ်ထဲဝင်လာသူက သူ့ကိုမြင်သည်နှင့်စိတ်ပူပန်စွာပြောလာတာမို့ ပို၍စူပုတ်လိုက်ပီး ..

" ကဲ ပြောပါအုံး ဒီရက်ပိုင်းဘာတွေအလုပ်ရှုပ်နေလို့ မျက်နှာချင်းဆိုင်ဖို့တောင်ခက်ခဲနေတာလဲ ရှုပ်ရှုပ်ရှက်ရှက်အသံတွေမကြားချင်ဘူးနော် "

စူပုတ်ပုတ်မျက်နှာလေးက မိုးသားအတွတ်တကယ့်ကိုအသည်းယားစရာ ..လူတွေရှေ့တည်ငြိမ်စွာနေတတ်သည့် သူ့လွှာလေးက အခုလိုကလေးဆန်ဆန်လေးနေတတ်တာသူတယောက်သာသိခွင့်ရှိတာမို့ ကျေနပ်ရသည် ..

" သားကဘာလို့ရှုပ်ရှက်ရမှာလဲလွှာရဲ့ ရှိတဲ့မိန်းမလေးတယောက်ကိုတောင်ချစ်လို့မဝတာကို "

" ချစ်လို့ဝရင်တော့ ရှုပ်မယ်ပေါ့လေ "

" ဟာကွာလွှာကလဲ လူကိုနော်အသည်းယားအောင်လုပ်နေတယ် ဆွဲမွပစ်လိုက်မှာဗျ ဒီကလူသားလေးကိုဘယ်တော့မှချစ်လို့ဝမှာမဟုတ်ဘူးသိလား "

" တော်ပါ စကားတတ်တိုင်း ..နောက်ကျနေပီ ညစာရောစားခဲ့ပီလား "

" ဟုတ် အပြင်မှာဧည့်သည်တွေနဲ့စားခဲ့တယ် လွှာကောစားပီးရဲ့လား "

" အွန်းပီးပီလေ မေမေကြီးနဲ့အန်တီစန္ဒာနဲ့အတူစားလိုက်တာ "

" အင်း ဒီရက်ပိုင်းအလုပ်ရှုပ်နေတာနဲ့ ဘွားနဲ့မေကြီးကိုတောင် စကားကောင်းကောင်းပြောချိန်မရဘူး "

" ကဲပါ စကားလမ်းကြောင်းလွှဲမနေနဲ့ ဒီရက်ပိုင်းဘာတွေအလုပ်ရှုပ်နေတာလဲ ရုံးမှာလဲအရေးကြီးကိစ္စမရှိပါဘူး မင်းနော် ငါ့ကိုဘာတွေလိမ်နေလဲ "

She [ သူမ ]Where stories live. Discover now