ခွဲစိတ်ခန်းရဲ့ရှေ့မှ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသူက မာနကြီးလှသည့် မေဝင့်လွှာညီနှင့်ခြားနားစွာ .. အမြဲသပ်ရပ်ပီး ပုံရိပ်ကိုထိန်းသိမ်းတတ်သည့်သူမှာ ဝတ်ထားသည့် နေဗီပြာချည်ပိုးထဘီနှင့် အပြာပွင့်ရိုက်ရယ်ဒီမိတ်အကျီတွင်လဲ မကြာသေးခင်ကဖြစ်ပျက်ခဲ့သည့်ချစ်သူ၏ သွေးများကစွန်းထင်း၍နေသည် .. ဒေါ်ထိပ်ထားလွင်နှင့် ဒေါ်စန္ဒာခင်မှာလဲ သိသိချင်းအပြေးရောက်လာခဲ့ခြင်းပေ .. ဒေါ်ထိပ်ထားလွင်ဆို အသက်ကြီးသူမို့ မူးမေ့လဲမတတ်ဖြစ်သွားရသည် ..
လူနာရှင်ထိုင်စောင့်သည့် ထိုင်ခုံပေါ်တွင်ထိုင်နေသည့်အန်တီထိပ်ထားလွင်အားတွဲထားပေးရင်း သူ့ရင်ထဲမှာလဲ အပူလုံးကပြည့်ကြပ်နေရသည် .. ဒီသားအမိလေးနှစ်ဦးသာ ရှိခဲ့တာမို့သမီးလေးသည် သူ့ဘဝရဲ့ တဦးတည်းသော ပိုင်ဆိုင်ရာဖြစ်ခဲ့သည် .. အမြဲ မိဘအပေါ် စိတ်ချမ်းသာမှုတွေပဲပေးခဲ့သည့်ကလေးအပေါ် ဘာလို့များအခုလိုကံတရားကရက်စက်သည်မသိ .. စိတ်ထားကောင်းတဲ့မေကြီးကလေးလေး အမြန်ဆုံးအသက်အန္တရာယ်က လွတ်ကင်းပါစေကွယ် .. ရစ်ဝဲလာသည့်မျက်ရည်စများကိုပုတ်ခပ်သိမ်းရင်း ခွဲခန်းရှေ့က ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့် သူကိုကြည့်လိုက်မိသည် ..
သားလေးခွဲစိတ်ခန်းထဲဝင်သွားသည်မှာ အချိန်အားဖြင့် 4နာရီလောက်ရှိပီဖြစ်သော်လဲ ထိုမိန်းကလေးသည် စက္ကန့်ပိုင်းလေးတောင် မထိုင်သေး .. သွေးများစွန်းထင်းနေသည့် ဝတ်စုံဖြင့် တကိုယ်လုံးတုန်ရီနေရှာသည့် ပုံလေးသည် အလွန်ကိုသနားဖွယ်ကောင်းနေသည် .. အခုချိန်ထိအသိစိတ်ကပ်သေးပုံမပေါ်ကာ အဆက်မပျက်စီးကျနေသည့် မျက်ရည်များကိုလဲ အလျှင်မှီအောင်စောင့်၍သုတ်နေသေးသည် .. ပါးစပ်မှလဲ တခုခုကိုရွတ်ဖက်နေကာ မျက်လုံးအကြည့်က မမြင်ရသည့် ခွဲခန်းရဲ့အတွင်းဘက်ကိုသာကြည့်နေရှာသည် ..
"သမီးမေ .. ခဏလောက်ထိုင်လိုက်ပါအုံးလားသမီးရယ် .. သားလေးကအဆင်ပြေမှာပါ .. ဒီလိုပုံနဲ့ဆို သမီးမေပါလဲသွားလိမ့်မယ်"
"မေ .. မေတောင်းပန်ပါတယ်အန်တီ .. မိုးသား အခုလို ဖြစ်ရတာ .. မေ့ကြောင့်ပါ .. မေသာ .. မေသာ အဲ့ဒီနေရာကို မသွားခဲ့ဘူးဆို မိုးသား အခုလိုဖြစ်ရမှာမဟုတ်ဘူး"
![](https://img.wattpad.com/cover/219087812-288-k239245.jpg)
YOU ARE READING
She [ သူမ ]