ဟိုအိမ်လေးကပြန်လာပီးနောက်တွင်တော့ မမနှင့်သူ့ရဲ့ဆက်ဆံရေးကသိသိသာသာကို ကောင်းမွန်သွားသည် .. အရင်လိုသူ့အပေါ်ပစ်ပစ်ခါခါမဆက်ဆံတော့ပဲ အလိုက်သင့်ပြန်ပြောတာမျိုး သူရယ်ပြရင် ခေါင်းညိတ်အသိမှတ်ပြန်ပြုတာတို့ တခါတလေဆိုပြန်၍ပင်ပြုံးပြသေးသည် ..
" ဒါကဘာဖြစ်နေပြန်တာလဲ အလကားကိုပြုံးနေတယ် "
အတွေးနဲ့အတူ ပြုံးနေသည့်သူ့အနား သန္တာကဝင်ထိုင်ရင်းပြောလာတာကြောင့် မိုးသားမျက်နှာပိုးကိုသတ်လိုက်ပီး ..
" ပျော်နေလို့ပါဟာ .. ကေသီကရော မလာသေးဘူးလား "
" လာနေပီ ကားနည်းနည်းပိတ်နေလို့တဲ့ ခုနကဖုန်းဆက်တယ် .. နေပါအုံး နင်လဲဆေးမမှီတော့ဘူးနော် အမြဲကြည့်လိုက်ရင် ပြုံးတုံ့တုံ့နဲ့ ဘာလဲအဖြေပြန်ရသွားပီလား "
" ဘယ်ကသာဟာ ဖွင့်တောင်မပြောရသေးပါဘူး ဒါပေမယ့်မမကအရင်လိုငါ့ကိုအဖက်မလုပ်တာမျိုးမရှိတော့ဘူးဟ "
" အေးပါ နင့်အတွတ်ဝမ်းသာပါတယ် အခုတော့လာမယ့်နှစ်ကူးပွဲအတွတ်ညနေကျ အဝတ်စားနဲ့လိုအပ်တာလေးတွေသွားဝယ်ရအောင် နင်လိုက်မယ်မဟုတ်လား "
" အင်း လိုက်ခဲ့မယ်လေ "
မိုးသားကအထူးပြင်ဆင်တတ်တဲ့သူမဟုတ်တာကြောင့်ဝယ်စရာမရှိသော်လဲ အားနေတာကြောင့်လိုက်မည်ပြောလိုက်သည် ..
.
.NewYear Night & Lwin Group Happy Party
ကျယ်ဝန်းလှတဲ့မြက်ခင်းပြင်အလယ် စားပွဲဝိုင်းများ ၊ လူများဖြင့်စည်ကားလို့နေသည် .. အစားသောက်ကဘူဖေးကျွေးခြင်းဖြစ်ပီး သောက်စရာအစုံပါထားပေးထားသည် .. ဝန်ထမ်းအကြီးအငယ်များ၊ ရာထူးကြီးတာဝန်ခံများသာမက ရှယ်ယာရှင်များနှင့် ဒေါ်ထိပ်ထားလွင်ကိုယ်တိုင်ပါတတ်ရောက်မည်ဖြစ်တာကြောင့် တချို့ဝန်ထမ်းသစ်လေးများကတော့အနည်းငယ်ရှိန်နေကြသည် ..
7:00PM
အခုထိ သူစောင့်မျှော်နေသည့်သူကရောက်မလာသေးတာကြောင့် မိုးသားတယောက်လည်တဆန့်ဆန့်ဖြစ်နေရသည် ..ပွဲကအတိအလင်း 7နာရီမှစမှာဖြစ်သော်လဲ တက်ကြွနေကြသော ဝန်ထမ်းများကတော့6နာရီထိုးပီးထဲက ရောက်နေကြခြင်းပေ .. မိုးသားတို့နဲ့အတူ တချို့သောလုပ်ငန်းရှင်များကရောက်နေကြပီဖြစ်သော်လဲ အခုပွဲရဲ့ပဲ့ကိုင်ရှင်ဒေါ်ထိပ်ထားလွင်ကတော့ရောက်မလာသေးပေ ..
YOU ARE READING
She [ သူမ ]