ဟိုနေ့ကအဖြစ်အပျက်ကြောင့် လွှာကသူ့ကိုအရမ်းစိတ်ဆိုးသွားသည်ထင် ..တပတ်ပြည့်တာတောင်သူ့ကိုလုံးဝလှည့်မကြည့် ညဘက်တွေဆိုဘေးအခန်းမှာသွားအိပ်သည် ..ဘွားနှင့်မေကြီးရှိသည့်အချိန်မှလွဲ၍ သူ့ကိုမျက်နှာချင်းပင်မဆိုင် ..သူလဲကိုယ့်အပြစ်နှင့်ကိုယ်မို့အဝေးကသာကြည့်နေရသည် ..ပြောမယ့်သာပြောရတယ် ဒီကောင်မကြီးကအရူးအမဲသားကျွေးသလိုဖြစ်သွားရတာ လွှာမသိ ရူးမတက်ချစ်ရသူကို တမ်းတမ်းစွဲဖြစ်သွားရသည်မို့ မိုးသားမှရူးပီးမသေရင်ဘယ်သူမှမသေနိုင်တော့ ..
အခုလဲအလုပ်သာလုပ်နေရသည် စိတ်ကမဖြောင့် သူမရုံးခန်းဆီသွားချင်တာခြေထောက်ကိုယားလို့ ..မနေနိုင်သည့်အဆုံးဖြစ်ချင်ရာဖြစ် သူမရှိရာရုံးခန်းသို့ထလာခဲ့လိုက်သည် ..
.
." မေ "
" ဟင် ကိုခန့် .. ကိစ္စရှိလို့လား "
တံခါးဖွင့်သံနှင့်အတူဝင်လာသံကြောင့်ဟိုကောင်မလေးထင်၍ပြောပစ်လိုက်မည်ဟုပြင်လိုက်စဉ် ဝင်လာသူမှာခန့်ညားလွင်ဖြစ်နေသည် ..
" ကိစ္စတော့မရှိပါဘူး ဒီနားရောက်ရင်းလမ်းကြုံနေတာနဲ့ မေ့ကိုလဲသတိရလို့ဝင်လာတာ "
သတိရလို့ဆိုသည့်စကားကြောင့်စိတ်ထဲတမျိုးကြီးဖြစ်သွားရသော်လဲ ဘွားရဲ့တူဖြစ်သလို သူနှင့်လဲအလုပ်တွဲလုပ်ဖူးခဲ့တာကြောင့် မကောင်းတတ်၍မသိယောင်သာဆောင်လိုက်သည် ..
" ကိုယ်တို့မတွေ့တာတောင်ဘယ်လောက်မှမရှိသေးဘူး မေကစိမ်းသွားလိုက်တာ "
ဒီတခါတော့ သူမသိယောင်မဆောင်နိုင်တော့
" စိမ်းသွားလိုက်တာဆိုတာက ဘာကိုပြောတာလဲ မေနဲ့ကိုခန့်က အရမ်းရင်းနှီးခဲ့တာမျိုးမရှိခဲ့ဖူးဘူးလားလို့ "
" မေကလဲကွာ အမှန်ဆိုကိုယ်တို့ကအမျိုးတွေပဲကို အွန်း မတော်ချင်တဲ့ပတ်သက်မှုနေရာကလွဲရင်ပေါ့ ထားပါလေ အခုနေ့လည်စာစားချိန်လဲရောက်ပီ ကိုယ်တို့လဲမဆုံတာကြာပီဆိုတော့ အပြင်မှာတခုခုသွားစားရအောင် ကိုယ်ကျွေးပါ့မယ် "
ဂျလောက်!!!
" ထမင်းအတူစားဖို့ တူမဖြစ်သူကိုကျမခေါ်ပဲ တူမရဲ့အမျိုးသမီးကိုပဲခေါ်နေတာက အဆင်မပြေဘူးနော် "
YOU ARE READING
She [ သူမ ]