Part - 1 [Zawgyi]

3.4K 64 4
                                    

မြန်မာနိုင်ငံရဲ့ပူပြင်းလှတဲ့နွေရာသီက သားအားချွေးတသီးသီးကျစေသည်.. ဒီရက်ပိုင်းအလုပ်တခုကိုအသည်းသန်ရှာနေတာမို့အလုပ်လျှောက်မည့်ဖိုင်လေးအားကိုင်ကာ Bus ကားဂိတ်မှာစောင့်နေခြင်း ..

သားလို့ကိုယ့်ကိုကိုယ်နာမ်စားသုံးတဲ့ကျွန်မရဲ့နံမည်က ' မိုးသားလွင်လွင် ' မိဘနှစ်ပါးရဲ့ပေးအပ်ထားတဲ့နံမည်လှလှထဲမှာမှ သားဆိုတဲ့စလုံးကို ဘယ်သူမှမသင် ၊ ဘယ်သူမှလဲအစလုပ်ပီးမခေါ်ပါပဲ စကားပြောတတ်ချိန်မှစ၍ တပါးသူနဲ့ပြောတဲ့အခါတိုင်း ကိုယ့်ကိုကိုယ် သားလို့သုံးနှုန်းတတ်သော ကျွန်မ မိုးသားလွင်လွင် ..

ယောက်ကျာ်းစိတ်ပေါက်နေခြင်းမျိုးမဟုတ်သော်လဲ သာမာန်မိန်းကလေးတွေထက် လူပုံစံကမာကာ နေပုံထိုင်ပုံ ပြုမူပုံက နူးညံ့သိမ်မွေ့မှုတစက်မှမရှိခဲ့ပေ .. အမြဲတက်ကြွနေတတ်ပီး ပျော်ပျော်နေတတ်သောကြောင့်လူချစ်လူခင်တော့များလှသည် ..

သူတပါးအားဦးစားပေးစိတ်ရှိပီး ‌ကူညီတတ်တဲ့သားကို လူအများကချစ်ကြပေမယ့် အဲ့ထဲတွင်လူတယောက်တော့မပါခဲ့ပေ ... လူတယောက် .. အင်း .. အဲ့လူတယောက်ဆိုတာက သားဘဝတခုလုံးထက်ကို ချစ်မြတ်နိုးရပီး လောကကြီးထဲကအလိုချင်ဆုံးသောအရာ ... သူမ [ သို့မဟုတ် ] သားရဲ့မမ ..

မှတ်တိုင်သို့ထိုးရပ်လာသော ၃၇ကားပေါ်သို့တိုးကြိတ်လို့တက်ကြတဲ့လူများထဲ မိုးသားအပါအဝင် ..လူပြည့်နေသောထိုင်ခုံများကြောင့် အဆင်ပြေမယ့် ခုံဘေးတနေရာတွင်မက်တပ်ရပ်လိုက်သည်.. နေ့ခင်းဘက်ဖြစ်နေတာတောင် လူပြည့်နေသည့်ကားပေါ် တယောက်နှင့်တယောက်ထိကပ်၍ရပ်နေကြရတော့ အကြောင်းအရာတခုကိုသတိရလိုက်တဲ့ သားရဲ့နှုတ်ခမ်းတွေကပြုံးသွားရတော့သည် ..

သူမ .. သူမကိုစတွေ့တော့ကြပ်သိပ်နေတဲ့ Busကားပေါ်မှာ လူတွေတိုးဝှေ့နေတဲ့ကြားထဲက နှာခေါင်းထဲတိုးဝင်လာတဲ့မွှေးပျံ့တဲ့ခပ်သင်းသင်းအမွှေးနံ့နဲ့အတူ ခက်ခက်ခဲခဲတိုးပီးရောက်လာပုံရတာကြောင့် ဘေးကိုလှည့်ကြည့်လိုက်တော့ ‌ဆံပင်တွေကိုအပြောင်သိမ်းကာစီးထားတဲ့ မျက်နှာဖွေးဖွေးလေးတခု သူမကအရပ်ပုတဲ့ထဲမပါပေမယ့် ကိုယ်ကပိန်ပီးရှည်တာက‌တကြောင်း သူမခန္တာကိုယ်လေးကအနေတော်တောင့်တင်းလှပတာရယ်ကြောင့် ကိုယ့်ထက်လက်ငါးချောင်းစာလောက်နိမ့်နေတယ် .. ကားကြပ်လို့အနည်းငယ်မူးချင်သလိုဖြစ်နေတဲ့ကိုယ့်မှာ သူ့ရဲ့ကိုယ်သင်းရနံ့ကြောင့် စိတ်တွေတောင်ကြည်လင်သွားရတယ် .. ဒါနဲ့ကိုယ်လဲဘေးတိုက်အနေထားဖြစ်နေတဲ့ သူမမျက်နှာကိုတချက်ကြည့်မိတော့ အကြည့်တချက်မှစလို့ အသောမသတ်နိုင်တဲ့ကိုယ့်မျက်လုံးတွေကြောင့်  ကြာတော့ကိုယ့်ခေါင်းကြီးစောင်းသွားတာကိုတောင်သတိမထားမိ .. အစိတ်ပိုင်းတခုချင်းစီတိုင်းကလှပလွန်းတဲ့သူမ .. သူမမှာမျက်တောင်ရှည်ရှည်ကော့ကော့တွေရှိတယ် နှာတံလုံးလုံးလေးနဲ့ နှုတ်ခမ်းပြည့်ပြည့်တင်းတင်းလေးရှိတယ်.. ဘေးတိုက်အနေထားနဲ့တောင် လတ်ခါနေတဲ့မျက်လုံးရွဲကြီးတွေကိုမြင်နေရတယ် .. သပ်ရပ်စွာဝတ်ထားတဲ့မြန်မာဝမ်းဆက်ကသူမရဲ့ကောက်ကြောင်းနဲ့ လိုက်ဖက်လွန်းလှတယ် .. အော် သူမရဲ့အသားရည်ကလဲဝင်းပီးကြည်လို့ ..

She [ သူမ ]Where stories live. Discover now