Part - 9 [Zawgyi]

1.2K 30 0
                                    

ဦးစိုးမိုးလွင်နှင့်ဒေါ်ဟန်နီဝေ ထွက်သွားပီမကြာ ခန့်ညားလွင်ပါပြန်သွားပီးနောက် ထမင်းစားချိန်ရောက်သည်အထိ မမကအခန်းထဲကထွက်မလာပေ ..

" ဟဲ့မိုးသား နင် မမေအခန်းထဲမှာဘာဖြစ်လာလဲပြော ဒေါ်ဟန်နီဝေကြည့်သွားပုံက နင့်ကိုတော်တော်မကျေနပ်တဲ့ပုံပဲ "

ထမင်းအတူစားနေရင်းသန္တာကမေးလာသည်ကို ကေသီကပါစိတ်ဝင်တစားနားထောင်နေသည် ..

" ဘာမှမဖြစ်ပါဘူး ပွဲနေ့ကထိခိုက်မိတဲ့အကြောင်းကိုပြောရင်း တာဝန်ခံကငါဆိုလို့ ဘယ်လိုဖြစ်တာလဲမေးတာ "

" ဟုတ်လို့လားဟယ် သူ့ပုံကရန်ကြွေးရှိတဲ့သူတယောက်ကိုကြည့်တဲ့အကြည့်ကြီး "

" ဟုတ်ပါတယ်ဆို ကြည့်တဲ့ပုံကတော့ငါလဲမသိဘူး သူ့ဘာသူရန်လိုနေတာနေမှာပေါ့ "

" ဒါနဲ့ မမေလဲထမင်းထွက်စားတာမတွေ့ဘူး ဒေါ်ဟန်နီဝေကိုကြည့်ရတာ မမေကိုမကြည် ဖြူသလိုပဲနော် လက်ထပ်ပွဲကိစ္စကိုသဘောမတူချင်ဘူးလားမသိဘူး "

ကေသီရဲ့ဝင်ပြောလာသည့်စကားကြောင့် မိုးသားစားနေသည့်ဇွန်းကိုထမင်းဘူးထဲချ
လိုက်ပီး

" သဘောမတူ‌ရအောင်သူ့သားကဘာတွေကောင်းနေလို့လဲ မမလိုလူကိုမကြည်ဖြူနိုင်ရတဲ့အထိသူတို့ကမြင့်မြတ်နေလို့လား နင်တို့လဲစားစရာရှိတာစားစမ်းပါ စကားတွေများနေတယ် "

ရုတ်တရက်ကြီး ဒေါသထွက်စွာ ပြောလာသည့်မိုးသားကြောင့် ကေသီရောသန္တာပါ မျက်လုံးအပြူးသားဖြစ်နေကြသည် ..

" နင်တို့မပီး‌သေးရင်စားပီးလိုက်ခဲ့ကြ ငါသွားနှင့်ပီ "

ထမင်းဘူးသိမ်းကာ ခြေလှမ်းကျဲကြီးဖြင့်ထွက်သွားသည့် သူငယ်ချင်းဖြစ်သူအား နားမလည်စွာကျန်ခဲ့သူက ကေသီနှင့်သန္တာရယ်ပါ ..

" အခုမိုးသားကစိတ်ဆိုးသွားတာလား "

" မသိဘူးလေ ငါတို့လဲဘာမှမလုပ်မိပါဘူး ထမင်းစားရင်းစကားများမိလို့လား "

နှစ်ယောက်သားအဖြေရှာမရ၍ ခေါင်းယမ်းကာသာ ထမင်းဆက်စားလိုက်ကြသည် ..

.
.

မိုးသားထမင်းစားဆောင်မှထွက်လာပီး သန်းကြွယ်ဆိုင်သို့သွားကာ ထမင်းပေါင်းနှင့်ဆန်းကစ်သီးဖျော်ရည်တခွက်ဝယ်၍ လွှာ့ရဲ့ရုံးခန်းသို့လာခဲ့သည် ..

She [ သူမ ]Where stories live. Discover now