Part - 22 [Unicode]

8.3K 604 66
                                    

မကြာခင်မှာတော့သတင်းစာများပါမက Social Mediaတခုလုံးမှာပါ ရေပန်းအစားဆုံးဖြစ်လာသည့်သတင်းမှာတော့ Lwin Group၏ ပဲ့ကိုင်ရှင်ဒေါ်ထိပ်ထားလွင်၏တဦးတည်းသောမြေး Lwin Group၏ဆက်ခံသူဖြစ်သည့် မိုးသားလွင်လွင်နှင့် မွေးစားသမီးဖြစ်သည့် မေဝင့်လွှာညီ၏ မင်္ဂလာသတင်းပင်..အသိမိတ်‌ဆွေတချို့ဖြင့်သာကျင်းပလိုက်တာဖြစ်ပီး မြန်မာနိုင်ငံတွင် ပထမဆုံးလိင်တူလက်ထပ်ခြင်းလဲဖြစ်သည်မို့ အားလုံးက အထူးအဆန်းဖြစ်နေကြခြင်းပေ..

လောကကြီးကဘာတွေဖြစ်ကုန်တာလဲဟု လူတချို့ပြောနေကြသလိုပင် ရှေ့ရက်ပိုင်းကမှ လူအများအားကျခဲ့ရသည့် မင်္ဂလာပွဲတွင် သတို့သမီးသည်ရောက်မလာတာကြောင့် နောက်ကွယ်ကပြောဆိုဝေဖန်မှုအများဆုံးဖြစ်ခဲ့သည်မှာမကြာသေး ..ထိုရောက်မလာခဲ့သောသတို့သမီးသည် ပျက်သွားခဲ့သောမင်္ဂလာပွဲမှသတို့သား၏ တူမ ဖြစ်သူနှင့် ‌အတိအလင်းလက်ထပ်လိုက်သည်ဆိုသောသတင်းမှာ တကယ်ကိုဆန်းကြယ်ပီး အမျိုးမျိုးသောပြစ်တင်ရှုံ့ချခြင်းများက ပလူပျံလို့နေသည် ..သို့သော်‌လဲဒေါ်ထိပ်ထားလွင်ဆိုသည်က စီးပွားရေးလောကတွင်နေရာတခုအထိလွှမ်းမိုးနိုင်သည့်သူတယောက် ထိုသို့သောအရှိန်ဝါတခုရှိသောမိသားစုအား ပြစ်တင်ဝေဖန်ခြင်းသည် သဲပုံထဲရေသွန်လိုက်သည့်အခါ ခဏလေးအတွင်းမှာခြောက်သွားတတ်သလို ရက်ပိုင်းနဲ့ပင်ဝေဖန်သံများက ပျောက်ကွယ်သွားတော့သည် ..

အစပိုင်းမှာတော့ ခန့်ညားလွင်ဘက်ကလုံးဝလက်မခံပင်.. ဖြစ်သွားတဲ့ကိစ္စအားသူခွင့်လွှတ်ကာ အားလုံးကိုလဲသူကဖြေရှင်းပေးမည်ဖြစ်ပီး သူနှင့်မင်္ဂလာပွဲကိုသာပြန်စီစဉ်ပေးဖို့ပင်.. သို့သော်လဲမိခင်ဖြစ်သူဒေါ်ဟန်နီဝေ၏လောဘအားသိနေသည့်ဘွားက Lwin Group၏ အခွဲများထဲမှ အခုလက်ရှိခန့်ညားလွင်ဦးဆောင်နေသည့် လုပ်ငန်းနှစ်ခုအား ခန့်ညားလွင်၏အမည်ဖြင့်လွှဲပေးမည်ဖြစ်‌ ကြောင်း ..အမွေအဖြစ်ဟုအမည်တပ်သော်လဲ နစ်နာကြေးဆိုသည်မှာအသိသာပင်.. သို့သော်လဲအစထဲကမေဝင့်လွှာညီအားသဘောမကျသည့် ဒေါ်ဟန်နီဝေမှာ လုပ်ငန်းနှစ်ခုကိုရမည်ဆိုသည်နှင့် သားဖြစ်သူအားဖိအားပေးတော့သည်.. နောက်ဆုံးတော့ခန့်ညားလွင်မှာလဲ မိခင်ဖြစ်သူ၏စကားကိုမလွန်ဆန်နိုင်သလို ရရှိမည့်လုပ်ငန်းနှစ်ခု၏ တန်ဖိုးမှာလဲမနည်းတာကြောင့်‌ လက်ခံလိုက်ရတော့သည် ..မိုးသားအနေဖြင့်လဲ ပစ္စည်းဥစ္စာဆိုသည်မှာသူ့အနေဖြင့်စိတ်ထဲတောင်မရှိ ..သူလိုချင်တဲ့လူသားလေးကိုရလိုက်ပီမို့ ဘယ်လောက်ပဲပေးပါစေ သူစိတ်မဝင်စား ..အဓိက က လွှာနှင့် လာမပတ်သက်တော့ဖို့ပင် ..

She [ သူမ ]Where stories live. Discover now