Part - 4 [Zawgyi]

1.3K 35 0
                                    

ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် အိမ်အတွတ်လိုအပ်သည်များဝယ်ရန်စံရိပ်ငြိမ်ဂမုန်းပွင့်သို့မိုးသားတယောက်ထွက်လာခဲ့သည် .. သိပ်လဲမဝေးတာကြောင့်ပေါ့ပေါ့ပါးပါးပါးသာဝတ်လာခဲ့ပီး လက်ကိုင်ပိုက်ဆံအိတ်တလုံးသာပါလာသည် ..

တကိုယ်ရည်သုံးပစ္စည်းအချို့ဝယ်ပီး စင်တာမှအထွက် တဖက်ကားလမ်းမျက်နှာချင်းဆိုင်ရှိဆေးဆိုင်မှထွက်လာသော သူမ ..

နီညိုရောင်အပွင့်ခတ်ဝမ်းဆက်လေးနဲ့မမက အဝေးကမြင်ရတာတောင်လှရက်နိုင်သည် .. လက်ထဲတွင်လဲအထုတ်များပြည့်နေကာ .. ကားပါလာပုံလဲမရ ..

မိုးသားကြည့်နေရင်းမှပင်လှည်းတန်းဘက်သို့ လျှောက်သွားတာကြောင့် သူပါလမ်းကူး၍ခပ်လှမ်းလှမ်းမှလိုက်လျှောက်လိုက်သည် .. တမင်ခပ်မြန်မြန်လျှောက်တာမျိုးမဟုတ်သည့် သူမရဲ့ခြေလှမ်းများက တလှမ်းစီတိုင်းတွင်ယုံကြည်မှုရှိရြှိဖင့်သပ်ရပ်ကာ မြန်လှသည် .. "

မိုးသားသည်လဲ နောက်ပါးမှသတိအနေထားဖြင့် မျက်ခြေမပျက်လျှောက်လိုက်နေရင်းမှ အခုဆိုရတနာလမ်းသို့ပင်ရောက်လာချေပီ .. မိုးသားတကယ်ကိုအံ့ဩသွားရသည် ဒီလောက်အကွာဝေးကို ကားလဲမငှား ဆိုက်ကားလဲမငှားပဲအထုတ်တွေဆွဲကာလမ်းလျှောက်နိုင်သည့် သူ့ရဲ့မမကိုတကယ်ကိုလေးစားမိသည် .. မိုးသားတောင် သူမဆီစိတ်ရောက်နေရင်း လျှောက်နေမိလို့ညောင်းဖို့ကိုစိတ်မရောက်ခြင်းပေ ..

တနေရာအရောက်မမကခြံအသေးလေးထဲသို့ဝင်သွားသည်ကိုတွေ့လိုက်ရသည် .. ခြံဟုသာဆိုသည် အုတ်တံတိုင်းများနှင့်ကာထားခြင်းမဟုတ်ပဲ သံဇကာများဖြင့်ကာထားခြင်းဖြစ်ကာ ခြံထဲမှအိမ်သည်လဲ ပျဉ်ထောင်အိမ်သေးသေးလေးပင် .. တိုက်အမြင့်တွေကြားထဲမှ ထိုအိမ်ငယ်လေးဟာ မမနဲ့ဘယ်လိုများသက်ဆိုင်သည်ကို မိုးသားသိချင်သော်လဲ ဝင်သွားလို့လဲမဖြစ် .. အခုသူ့ပုံစံမှာလဲဒူးလောက်ဂျင်းဘောင်းဘီမပွမကျပ်နှင့် T-shirtပွပွကိုဝတ်ထားတာကြောင့် မမကိုလဲသွားမနှုတ်ဆက်ချင်ပေ .. ဒါကြောင့်မိုးသားလဲဝယ်ဖို့ကျန်သည်များကိုဝယ်ကာ အိမ်သို့ပြန်ခဲ့လိုက်ရသည် ..

She [ သူမ ]Where stories live. Discover now