Part - 6 [Unicode]

6K 532 16
                                    

"သားလေး!! .. "

အသံနှင့်အတူ‌ဆေးရုံကုတင်အနားသို့အပြေးလွှားရောက်လာသူကမိုးသားမိခင် ဒေါ်စန္ဒာခင်ပင်ဖြစ်သည် ..

" မေကြီး .. "

" ဘယ်လိုဖြစ်ရတာလဲမေကြီးကလေးရယ် .. မေကြီးဖြင့်ကြားကြားခြင်း ရင်တွေတုန်လိုက်ရတာ "

နှုတ်မှစိုးရိမ်စွာရေရွတ်ရင်း ပတ်တီးစီးထားသောနေရာများအားအသာထိကိုင်ကာစစ်ဆေးနေသော မိခင်ဖြစ်သူအားမိုးသားပြုံးကာကြည့်နေမိသည် . .

" မတော်တဆ နည်းနည်းလေးထိမိတာပါ
မေကြီးရဲ့ သားဘာမှမဖြစ်ပါဘူး ကြည့်ပါအုံးသားရဲ့မင်းသမီးလေးစိတ်ပူသွားတာပေါ့ .. လာပါအုံးမင်းသမီးလေးကိုဖက်ရအောင် "

မိခင်ဖြစ်သူအားရွှင်ရွှင်မြူးမြူးစနောက်ရင်း ပြည့်တင်းတင်းကိုယ်လုံးလေးအားပွေ့ဖက်၍ ဖျစ်ညှစ်လိုက်တော့ ကျောပြင်ကိုခပ်ဖွဖွပွတ်သပ်ပေးလာသည် ..

" တောင်းပန်ပါတယ်မေကြီး .. စိတ်ပူစေမိလို့ နောက်ဆိုသားဂရုစိုက်ပါ့မယ် "

" မေကြီးကထိခိုက်မိတယ်ဆိုလို့စိုးရိမ်သွားတာ တော်သေးတာပေါ့အများကြီးမဖြစ်သွားလို့ .. "

" ကျွီ !!! "

" မမေ .. "

မိုးသားတို့သားအမိနှစ်ယောက်ရဲ့ကြည်နူးစရာမြင်ကွင်းအား ဘေးမှလူများကပြုံးကာကြည့်နေချိန် အခန်းထဲဝင်လာသောမေဝင့်လွှာညီအား ကေသီကနှုတ်ဆက်လိုက်တော့ ပြုံးကာခေါင်းညိတ်ပြလာသည် ..

" မမ .. "

" အင်း မိုးသားလွင်လွင် သက်သာရဲ့လား "

သူမရဲ့စိမ်းသက်သောအခေါ်ဝေါ်ကမိုးသားအတွတ်ရင်ထဲတမျိုးခံစားလိုက်ရသော်လဲ အခုလိုမေးလာတာကိုပဲပျော်ရွှင်ရပါသည် ..

" ဟုတ်မမ သက်သာပါတယ် နည်းနည်းလေးပဲထိသွားတာဆိုတော့ .. "

" တော်သေးတာပေါ့ ကြီးကြီးမားမားမထိခိုက်သွားလို့ .. ဒါက .. "

" ဟုတ် သားရဲ့မေမေဒေါ်စန္ဒာခင်ပါ .. မေမေဒါ ... မမေဝင့်လွှာညီတဲ့ သားတို့ရဲ့အထက်လူကြီးပါ "

သားရဲ့မမလို့ထွက်သွားတော့မည့်ပါးစပ်ကို မိုးသားမနည်းပင်တားလိုက်ရသည် ..

She [ သူမ ]Where stories live. Discover now