!! ပစ္စည်းသစ်မိတ်ဆက်ပွဲအခမ်းနားနေ့ !!
မိုးသား သူဝတ်ထားသော Uniformဝမ်းဆက်ကိုကြည့်ကာ ထွက်ပြေးချင်စိတ်ပေါက်နေသည် .. သူ့ဘဝသက်တမ်းတလျှောက် မြန်မာဝမ်းဆက်ကိုတခါမှမဝတ်ဖူးတာမဟုတ်သော်လဲ ဝတ်သည့်အကြိမ်ရေမှာလက်ချိုးရေလို့ရသည် .. ဝတ်သည့်အချိန်ဆိုတာလဲ မဝတ်လို့မရတဲ့အခါမျိုးတွေမှသာ .. ကိုယ်ကဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အတွတ် ဘုရားသွားသည့်အခါမျိုးနှင့် အလှူသွားသည့်အခါမျိုးမှသာဝတ်သည် ဒါတောင်အလှူဆို မလိုက်သည်ကများပီး ဘုရားဆိုလဲမွေးနေ့တို့ ဖအေဖြစ်သူနှစ်ပတ်လည်နေ့မျိုးတို့သာသွားတက်ပီး အိမ်မှာသာပူဇော်တတ်သည် ..
နေဗီပြာပိုးဖဲသားတွင်အဝါရောင်ချိတ်လိုင်းထိုးထားသည့် ထဘီနှင့် အဝါရောင်ပိုးဖဲသားပြောင်ကိုမှ ရင်စေ့ရင်ဖုံးချုပ်ထားကာ တံတောင်ဆစ်လောက်လက်အရှည်ဖြင့် ထိုလက်နှစ်ဖက်တွင်လဲ အပြာရောင်ချိတ်လိုင်းထိုးထားသေးသည် .. ချပ်ချပ်ကပ်ကပ်ချုပ်ပုံကျကျက မိုးသားရဲ့ရှည်သွယ်သွယ်ခန္တာကိုယ်နှင့်လိုက်ဖက်နေသည် .. မိုးသားဆိုတာက ပိန်သာပိန်တာ ခန္တာကိုယ်ကရှိသင့်တာရှိပီး ကောက်ကြောင်းကသေသပ်လှသည် .. ပုံမှန်ဆိုခန္တာကိုယ်ပေါ်စေသည့်အဝတ်များမဝတ်လို့သာမသိသာခြင်းပေ ..
" ဟယ် .. မိုးသား လှလိုက်တာဟယ် "
" ဟုတ်ပ မိုးသားကအခုလိုဝတ်လိုက်တော့လဲ တကယ့်မော်ဒယ်ပဲ "
သူ့အားတွေ့သည်နှင့် ကေသီနှင့်သန္တာက တအံ့တဩပင်ချီးကျုးလာတာကြောင့် မိုးသားစိတ်ရှုပ်ထွေးစွာ မျက်နှာကြီးရှုံ့မဲ့၍
" တော်စမ်းပါဟာ .. စိတ်ရှုပ်လို့သေတော့မယ် ဒီဝမ်းဆက်ကြီးမဝတ်လို့မရလို့သာ ဝတ်ရတယ် ကို့ယို့ကားယားနိုင်လိုက်တာ "
" နင်ကလဲဟယ် နင်ကဝတ်လေ့ဝတ်စ မရှိလို့ပါ အခုလိုဝတ်ထားတာ နင်နဲ့တအားလိုက်တယ် "
" အေးလေ .. မိုးသားကလဲ နင်တကယ်ကြည့်လို့ကောင်းတယ်ဟ .. "
" တော်ပါဟာ .. ထားပါတော့လေ အရှေ့မှာငါလုပ်စရာတွေရှိသေးတယ် သွားလုပ်လိုက်အုံးမယ် .. ပွဲအတွင်းကမ်းမယ့်ရေနဲ့မုန့်တွေ အဆင်သင့်လုပ်ထားကြအုံး "
![](https://img.wattpad.com/cover/219087812-288-k239245.jpg)
YOU ARE READING
She [ သူမ ]