Part - 3 [Unicode]

6.8K 627 30
                                    

ဘာလိုလိုနဲ့မိုးသားအလုပ်ဝင်တာ တပတ်တောင်ပြည့်ခဲ့ပီဖြစ်သည် .. ဒီအတောတွင်း သူမကို တနေ့တကြိမ်ကလွဲ၍မိုးသားမှာမြင်တွေ့ခွင့်မရခဲ့ .. ထိုမြင်တွေ့ရသည့်တကြိမ်တွင်လဲ သူမ၏အလိုမကျသောမျက်နှာအမူယာဖြင့်တုံ့ပြန်ခြင်းကိုသာရရှိခဲ့သည် .. အမြဲလူချစ်လူခင်ပေါခဲ့သောမိုးသားမှာ ကိုယ်ချစ်ရသူ၏ ထို့သို့တုံ့ပြန်မှုအပေါ်တကယ်ကိုခံရခက်လှသည် .. မနက်ရုံးတက်လို့ရုံးထဲဝင်လာသည်နှင့် မိုးသားရှိရာသို့မျက်နှာပင်မလှည့်ပေ.. အမှတ်မထင်လှည့်မိလို့အကြည့်ခြင်းဆုံခဲ့ရင်တောင် ချက်ချင်းပြန်လွှဲသွားတတ်သည် .. မိုးသား၏နှစ်နှစ်ကာကာအပြုံးအားမြင်လိုက်ရင်တော့ မျက်မှောင်ကြုံ့ကာ မကြည်ဖြူသော အကြည့်စူးစူးကိုရရှိသေးသည် ..

ထမင်းစားချိန်ရောက်လာတာကြောင့် ကေသီနှင့်သန္တာအပါသုံးယောက်သား ထမင်းစားဆောင်သို့ထွက်ခဲ့ကြသည် ..

" ဝါး .. မိုးသား ဟင်းတွေကမိုက်လှချည်လား အများကြီးပဲ .. နင့်မေကြီးကတကယ်တော်တယ် ဟင်းချက်အရမ်းကောင်းတာပဲ "

" ဟုတ်ပ .. ငါတို့အိမ်ဆို ဟင်းတမျိုးပဲထည့်ပေးတာ .. နင့်မေကြီးကကျဟင်းတွေကိုအစုံပဲထည့်ပေးတာ .. အချိုတည်းဖို့ အသီးတွေတောင် ခွဲထည့်ပေးသေးတယ် .. အဟီး ငါတို့ကပ်စားလို့ရတယ်ဆိုတော့ မိုးသားလိုသူငယ်ချင်းရှိတာကောင်းလိုက်တာ .. "

"မေကြီးကလဲ နင်တို့အတွတ်ပါပိုပိုထည့်ပေးလိုက်တာပါ .. နင်တို့ကမေကြီးလက်ရာကိုကြိုက်တယ်ဆိုတဲ့အကြောင်း ငါကမေကြီးကိုပြောထားတယ်လေ .. "

"နင့်မေကြီးကသဘောကောင်းလိုက်တာ တရက်လောက်ငါတို့လိုက်တွေ့မယ်‌ သိလား "

"နေပါအုံး ငါ့မေကြီးကသဘောကောင်းတယ်ဆိုတော့ ငါကသဘောမကောင်းလို့လား ကေသီနော် နင်ပြောပုံကြီးက .. "

"မဟုတ်ပါဘူးဟာ နင်လဲသဘောကောင်းပါတယ် သဘောကောင်းလို့တောင် အလေးခံပီးငါတို့အတွတ်သယ်လာပေးတာပေါ့ .. "

"ဟုတ်ပါတယ် မိုးသားကလဲစိတ်ဆိုးနဲ့နော် .. ဗိုက်ဆာနေပီစားကြရအောင် .."

သုံးယောက်သားစနောက်ကာ စားသောက်နေကြရင်း ခပ်လှမ်းလှမ်းမှတွေ့လိုက်ရသည့်ပုံရိပ်ကြောင့် မိုးသားတယောက်စားနေသည့်ထမင်းပင်နင်သွားရသည် ..

She [ သူမ ]Where stories live. Discover now