Part - 13 [Zawgyi]

1.2K 32 0
                                    

"မမမေ!! "

မိုးသားတို့နှစ်ယောက် ခြံငယ်လေးထဲဝင်လိုက်သည်နှင့် ခြံထဲတွင်အဝတ်များရုတ်နေသော ဆယ်ကျော်သက်အရွယ်ကောင်မလေးက ဝမ်းသာအားရခေါ်ရင်း အနားသို့ပြေးလာသည် ..

" နန်းငယ် နေကောင်းလား "

" ဟုတ်မမမေကောင်းပါတယ် အမေကြီးရောကျန်တဲ့မောင်နှမတွေပါနေကောင်းကြပါတယ် ... "

နန်းငယ်ဆိုသောကောင်မလေးကပြောရင်းမှ မိုးသားအားသတိထားမိသွားပုံရကာ ကြည့်လာတာမို့ . မေဝင့်လွှာညီကပြောလိုက်ခြင် ..

" သူက မမမေနဲ့အဖော်လိုက်လာပေးတာ အပေါ်ရောက်မှမိတ်ဆက်ပေးမယ် သူ့လက်ထဲကအထုတ်တွေကူဆွဲပေးလိုက်ပါအုံး "

" အော်ဟုတ်မမမေ .. ပေး ပေး အမ နန်းငယ်သယ်ခဲ့ပေးပါ့မယ် "

နန်းငယ်ကလက်ထဲကအထုတ်တွေကို လှမ်းယူလာတာကြောင့် တချို့တဝက်ကိုခွဲပေးလိုက်ကာ သုံးယောက်သားအိမ်ပေါ်သို့တက်လာခဲ့ကြသည် ..

အိမ်လေးသည် ပျဉ်ထောင်တထပ်အိမ်ဖြစ်ပီး  ပေ30ဝန်းကျင်လောက်အကျယ်ဝန်းရှိသည် .. အိမ်အတွင်းပရိဘောဂအဆင်ယင်တွေသိပ်မရှိတာကြောင့် ပိုမိုကျယ်ဝန်းသယောင်ဖြင့် ရှင်းလင်းလို့နေသည် .. အပြင်ဘက်ကထက် အတွင်းဘက်မှကြည့်ရတာ ပိုကျယ်သလိုထင်ရသည် .. အိမ်ပေါ်ရောက်သည်နှင့် သစ်သားဖြင့်လုပ်ထားသည့် စားပွဲခုံနှင့်အတူ ဘေးတွင်ထိုင်ခုံတချို့ရှိပီး မလှမ်း ကမ်းတွင်တော့ပတ်လပ်ထိုင်ခုံပေါ်တွင်အဖွားတယောက်ကလှဲနေသည် ..

" အမေကြီး မမမေလာတယ် "

နန်းငယ်ဆိုသောကလေးမက အနားသို့ကပ်ကာ ပြောလိုက်တော့ မျက်လုံးများကဖြည်းညှင်းစွာဖွင့်လာပီး သူတို့ရှိရာသို့ကြည့်လာသည် .. ဘေးနားမှလွှာသည်လဲ ထိုအဖွားရှိရာသို့သွားပီး အဖွားရဲ့လက်လေးတွေဆုတ်ကိုင်လိုက်ရင်း ..

" အမေကြီး မေလာတွေ့ပါတယ် ဒီရက်ပိုင်းနေလို့ကောင်းရဲ့လား "

အဖွားဖြစ်သူကသူ့ဘေးမှဒူထောက်ထိုင်နေသည့် မေဝင့်လွှာညီ၏ပါးပြင်လေးအား ဖွဖွကိုင်ကာ

" မေ သမီး အမေကြီးနေကောင်းပါတယ် .. အပင်ပန်းခံပီးဘာတွေဝယ်လာခဲ့ပြန်ပီလဲကွယ် အမေကြီးတို့အတွတ်ဒါတွေမလိုပါဘူး"

She [ သူမ ]Where stories live. Discover now