Chapter-6

6.2K 1K 26
                                    

For Zawgyi~

ချန်​ရှက မူရင်းဝတ္ထုထဲကထက်​ ပိုချစ်​ဖို့်ကောင်းတယ်

ဖေး​ရှောက်​ဇီ ​တွေးလိုက်​မိ၏...ယုံကြည်​မှု သုညဆိုတာကပဲ
အနိမ့်​ဆုံးရမှတ်​ဖြစ်​​နေပြီ​လေ။ရလဒ်​အ​နေနဲ့(ချန်​ရှ)နိုးလာပြီး
မိနစ်​၃၀အတွင်းမှာပဲ ရမှတ်​က(-10)ထိ နုတ်​ခံလိုက်​ရပြီ
ဖြစ်​သည်​။မတိုင်​ခင်​က 'ချန်​ရှကို အမှတ်​အသား​ပေးခြင်း' mission မပြီး​မြောက်​လို့ သူ့မှာ points(50)လည်း
နုတ်​ခံထားရ​သေးသည်​​​လေ။

မ​နေ့ညက တည်​တည်​ငြိမ်​ငြိမ်​နဲ့ ချလိုက်​တဲ့ ဆုံးဖြတ်​ချက်​က
ဇာတ်​​ကြောင်းကို လုံးဝ​မှားယွင်းသွား​စေသည်​။ဒါက
ဗျူဟာကစားနည်းတစ်​ခုသာဆိုရင်​ သူ့အ​နေနဲ့ အလွန်​ခက်​ခဲတဲ့ စတင်​ခြင်းကို ​ရွေးခဲ့မိတာဖြစ်​သည်​။System​ပေးတဲ့
တာဝန်​​တွေကို မလုပ်​ရင်​ ပိုပြီးဒုက္ခ​ရောက်​​ဖို့သာရှိ​တော့သည်​။

ထိုသို့ဖြစ်​လင့်​ကစား..​ဖေး​ရှောက်​ဇီက အလျင်​လိုမ​နေ​ချေ။
သူ ချန်​ရှရဲ့အဝတ်​​တွေကို ကြမ်းပြင်​က​နေ ကောက်​ယူလိုက်
ပြီး အိပ်​ရာဆီ​လျှောက်​သွားကာ ညင်​ညင်​သာသာ 
ပြောလိုက်​၏။"မ​နေ့ညက အဖြစ်​အပျက်​ကို ဘယ်​သူ့ကိုမှ
မ​ပြောပြနဲ့...တကယ်​တမ်း ဒီကိစ္စက မင်းရဲ့ဂုဏ်​သိက္ခာကို
ပျက်​စီး​စေလိမ့်​မယ်​...နားလည်​လား?"

ချန်​ရှ သတိပြန်​ဝင်​လာပြီး ​ခပ်​လွယ်​လွယ်​​ခေါင်းငြိမ့်​၏။
"ကျွန်​​တော်​ နားလည်​ပါတယ်​"

ဖေး​ရှောက်​ဇီ ချန်​ရှကို အဝတ်​​တွေ​ပေးလိုက်​ပြီး.."ဒါ​တွေ
ဝတ်​လိုက်​..ပြီးရင်​ မင်းကို ပြန်​ပို့​ပေးမယ်​"

ချန်​ရှ အဝတ်​​တွေကို ယူလိုက်​​ပေမဲ့ President​ဖေး​ရှေ့မှာ
၎င်းတို့ကို ဝတ်​ဖို့ရာ ကသိက​အောက်​ဖြစ်​​နေခဲ့၏။
တကယ်​​တော့..သူ အခုလည်း ​လုံးဝ ဝတ်​လစ်​စလစ်
ဖြစ်​​နေပြီး...အရမ်း ရှက်​ဖို့​ကောင်းလွန်းသည်​ပင်​။*

လူငယ်​​လေးရဲ့ နားရွက်​​တွေ နီမြန်း​နေတာကို ​တွေ့တဲ့အခါ
ဖေး​ရှောက်​ဇီက လှည့်​သွားပြီး ချန်​ရှအတွက်​ အခန်းထဲက
ထွက်​သွား​ပေး၏။"ငါ မင်းကို မိနစ်​သုံးဆယ်​​အချိန်​ပေးမယ်​..
မင်း​ရေချိုးခန်းသုံးလို့ရတယ်​။အထဲမှာ ​ရေချိုးခန်းသုံးပစ္စည်း
တွေအပြင်​ တဘက်​​တွေလည်း ရှိပြီးသား။ မိနစ်​သုံးဆယ်
နေရင်​ မင်းကို လာ​ခေါ်မယ်​"

Accidental Mark {Myanmar Translation}Where stories live. Discover now