For Zawgyi~
မင်းကိုပလ္လင်ပေါ်မှာ စောင့်ရှောက်ထားချင်တာ
ဖေးရှောက်ဇီက ကျဲကျီထုတ်လွှင့်ချိန်နဲ့ဝယ်ယူခြင်း
အကြောင်း ဆွေးနွေးဖို့ရာ နံပါတ်တစ် ပြည်တွင်း
ရုပ်သံဗီဒီယို ထုတ်လွှင့်ရေး ပလက်ဖောင်းအတွက်
ရုပ်ရှင်၊ဇာတ်လမ်းတွဲများ ဝယ်ယူဖို့တာဝန်ရှိသည့်
မစ္စတာချန်နဲ့ တွေ့ဆုံခဲ့၏။မစ္စတာချန်က ကြီးမားတဲ့အပြုံးတစ်ပွင့်ဖြင့်
နတ်ဆိုးလိုရည်ရွယ်ချက်ရှိတဲ့ လူတစ်ဦးပင်။
စစချင်းမှာတင်^Presidentဖေးက တကယ်
ငယ်ရွယ်ပြီး အလားအလာရှိတယ်^ဟုဆိုကာ
ချီးကျူးမြှောက်ပင့်လာ၏။ပြီးတဲ့နောက်..
အတည်တကျဟန်ဖြင့် ပြောလာလေသည်။
"Presidentဖေး..ကျဲကျီ ဝယ်ဈေးက ယွမ်
သုံးသန်းဆိုရင်ရော ဘယ်လိုလဲ?ကျုပ်တို့
Little Bear TVက တရုတ်ပြည်တွင်းမှာ
ကြည့်ရှုသူအမြင့်ဆုံးပလက်ဖောင်းတစ်ခုနော်။
မန်ဘာတွေက သန်းပေါင်းရာနဲ့ချီပြီး ရှိသလို
နေ့စဉ် ပုံမှန်လည်ပတ်နေတဲ့လုပ်ဆောင်ချက်က
သန်းရာချီလောက်ရှိတယ်။ခင်ဗျားရဲ့ဒရမ်မာ
တိုးတက်နှုန်းက ကျုပ်တို့TVပလက်ဖောင်းမှာဆို
မြင့်မားလာမှာ ပြောစရာကိုမလိုဘူး"ဖေးရှောက်ဇီက တည်ငြိမ်တဲ့အမူအရာဖြင့်
လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။
"သုံးသန်း?ကျွန်တော့် အရင်းအနှီးတောင်
ပြန်မရနိုင်ဘူး။ရိုက်ကူးရေးအဖွဲ့ကို ရှင်းပြဖို့
လွယ်မှာမဟုတ်ဘူး"မစ္စတာချန်က ပြုံးကာ ရှင်းပြလာလေသည်။
"ဒီဒရမ်မာက အရမ်းကျော်ကြားနေတာမျိုး
မဟုတ်သလို သရုပ်ဆောင်တွေကလည်း
နာမည်မရသေးတဲ့ အငယ်တန်းတွေပဲလေ။
ကျုပ်ပေးတဲ့ဈေးက အတော်လေးမျှပါတယ်။
အရင်နှစ်က လူသစ်တွေနဲ့ရိုက်ကူးထားတဲ့
အွန်လိုင်းဒရမ်မာတချို့ကို ဝယ်ခဲ့သေးတယ်..
ဘယ်သူမှ ယွမ်၂သန်းကျော်မရဘူး။ကျုပ်က
ထျန်ရွှမ်းအတွက်စဉ်းစားပြီး ဈေးကိုမြင့်ပေး
ထားတာ။Presidentဖေး..လူသစ်လေးတွေကို
ကြော်ငြာပေးဖို့ ပိုက်ဆံအကုန်အကျခံတယ်လို့ပဲ
တွေးကြည့်လိုက်ပါ။ပိုကြီးတဲ့ပလက်ဖောင်းက
သရုပ်ဆောင်တွေရဲ့ကျော်ကြားမှုအတွက်
ကောင်းပါတယ်"
![](https://img.wattpad.com/cover/261728404-288-k892421.jpg)
KAMU SEDANG MEMBACA
Accidental Mark {Myanmar Translation}
RomansaAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...