Chapter-63

3.5K 486 54
                                    

For Zawgyi~

မင်းက အချိုပွဲထက်​​တောင်​အရသာပိုရှိတယ်

နောက်​တစ်​​နေ့မှာ​တော့..ချန်​ရှတစ်​​ယောက်​ စာချုပ်​ချုပ်​ဖို့
ထျန်​ရွှမ်းရဲ့ဥပ​ဒေဌာနဆီ ​ရောက်​သွားခဲ့၏။ကျိုယန်​ကပါ
သူနဲ့အတူ တစ်​ချိန်​လုံးလိုက်​ပါလာ​ပေသည်​။ဥပ​ဒေဌာနက
တံဆိပ်​တုံးနှိပ်​​ပေးပြီးတဲ့အခါ President​ဖေးရဲ့လက်​မှတ်
ရဖို့ရာ ကျိုယန်​က ချန်​ရှကို​ ခေါ်​ဆောင်​ကာ ထိပ်​ဆုံးလွှာရှိ
Presidentရုံးခန်းထံ သွားရ​ပြန်​ချေသည်​။

ဖေး​ရှောက်​ဇီက စာချုပ်​ကိုတစ်​ချက်​ကြည့်​ပြီး သူ့နာမည်
ရေးထိုးကာ ချန်​ရှကို​ မေးလိုက်​၏။"အနုပညာ​ကြေးကို
ကျေနပ်​ရဲ့လား?"

ချန်​ရှက ​ခေါင်းညိတ်​ရင်း။"ဒီ​လောက်​များတဲ့​ငွေ​တွေ
ရလာလိမ့်မယ်​လို့ ကျွန်​​တော်​ တစ်​ခါမှမ​တွေးဖူးဘူး။
ကျွန်​​တော်​​တွေးထားတာက ၂သိန်းက အများဆုံးပဲ
လို့​လေ...." တကယ်​တမ်း ဒါက ၁၂ပိုင်းသာပါဝင်​တဲ့
အွန်​လိုင်းဒရမ်​မာဖြစ်သည်​​​။သူ့ရဲ့လက်​ရှိနာမည်​နဲ့
တန်ဖိုး​အ​ပေါ် အ​ခြေခံလိုက်​ရင်​ 880,000ဆိုတာက
တကယ့်​ကို များ​လွန်း​နေသည်​​လေ။

ဖေး​ရှောက်​ဇီက သူ့ကို​ပြောပြလာ၏။"လက်​ရှိအထိ
ဒီအသိုင်းအဝိုင်းထဲမှာ Omegaသရုပ်​​ဆောင်​တစ်​ဦးရဲ့
အမြင့်​ဆုံးဝင်​​ငွေက ယွမ်​သန်းငါးဆယ်​ရှိတယ်​။မင်းက
ငယ်​​သေးတယ်​ ပြီး​တော့ အ​တွေ့အကြုံလို​သေးတယ်​။
ယွမ်​ 880,000က မင်းအတွက်​ အစပဲရှိ​သေးတာ။
မင်းအောင်​မြင်​မှု​ရလာတာနဲ့အမျှ မင်းရဲ့ဝင်​​ငွေလည်း
အနာဂတ်​မှာ တဖြည်းဖြည်းမြင့်​လာမှာပဲ"

President​ဖေးရဲ့စကား​တွေကို ကြားတဲ့အချိန်​မှာ
ကျိုယန်​ရဲ့နှလုံးသား​လေးခမျာ တုန်​လှုပ်​သွားရ၏။
အဓိပ္ပါယ်​က သိသာ​နေသည်​​လေ။President​ဖေးက
ချန်​ရှကို အနုပညာ​ကြေး ယွမ်​ ၁၀သန်းထက်​ ပိုရနိုင်​တဲ့
ထိပ်​တန်းသရုပ်​​ဆောင်​တစ်​ဦးအဖြစ်​ ​လေ့ကျင့်​​ပေးချင်
နေတာဖြစ်​သည်​။ရှုယွဲ့ နှုတ်​ထွက်​သွားပြီမို့ ထျန်​ရွှမ်းမှာ
ကျန်​ရှိတဲ့ Omega​သရုပ်​​ဆောင်​​အားလုံးက ထျန်​ရွှမ်းရဲ့
^အစ်​ကိုကြီး^​နေရာအတွက်​ ​တိတ်​တဆိတ်
တိုက်​ခိုက်​​နေကြလိမ့်​မည်​သာ။ဒါ​ပေသိ..​ဖေး​ရှောက်​ဇီက
ချန်​ရှကိုသာ စိတ်​အဝင်​စားဆုံး ဖြစ်​ပုံပင်​။သူ(မ)အ​နေနဲ့
ဒီလိုရတနာ​လေးကို ​ကောက်​ရတာ ကံ​ကောင်း​ပေသည်​။
သူ(မ)က​တော့ အနာဂတ်​မှာ ချန်​ရှ​နောက်​ကိုလိုက်​ဖို့ 
သေချာ​နေ​လေပြီ။

Accidental Mark {Myanmar Translation}Where stories live. Discover now