Chapter-55

3.9K 681 125
                                    

For Zawgyi~

ဖေး​ရှောက်​ဇီရဲ့ချစ်​ခြင်း​ရောင်​ပြန်

ချန်​ရှဘက်​က WeChatမက်​​ဆေ့ခ်ျ​ ပို့ပြီးပြီးချင်း...
ရင်းနှီး​နေတဲ့အသိ​ပေးချက်​တစ်​ခုက ​ဖေး​ရှောက်​ဇီစိတ်​ထဲ
ပေါ်ထွက်​လာ၏။

[ချန်​ရှရဲ့ သင့်​အ​ပေါ်ယုံကြည်​မှု +5] 

[အဓိကဇာတ်​လိုက်​မှသင့်​အ​ပေါ်ယုံကြည်​မှု point(95)ထိ
ရောက်​ရှိပြီဖြစ်​တာ​ကြောင့်​ ဆုတစ်​ခု ​ရွေးချယ်​နိုင်​ပါသည်​:

A: မစ်​ရှင်​လုပ်​​ဆောင်​ချိန်​ကို ၁၀နှစ်​တိုးမည်​။

B: ရင်းနှီးမြှုပ်​နှံမည့်​ရန်​ပုံ​ငွေ ယွမ်​ သန်း၅၀၀ ရယူပါ။

C: စနစ်​မှ အ​ကောင်းဆုံးရုပ်​ရှင်​ဆုရရှိနိုင်​မည့်​ ဇာတ်​ညွှန်း
တစ်​ခု ​ရွေးချယ်​​ပေးမည်​။]

ဖေး​ရှောက်​ဇီ မျက်​​မှောင်​ကျုံ့ကာ ပြန်​​မေးလိုက်​၏။
"ဒါက ယုံကြည်​မှု point(80)ရတုန်းက ဆု​တွေနဲ့
တူတူပဲမလား?"

Systemက ရုတ်​တရက်​ထ​ပြော၏။
[ပမာဏတိုးသွားတယ်​​လေ!point(80)မှာ မစ်​ရှင်​ချိန်​က
ငါးနှစ်​ကြာပြီး ရန်​ပုံ​ငွေကလည်း သန်း၁၀၀ တည်း]

ဒါ​ပေါ့...ဖေး​ရှောက်​ဇီ နဂိုတုန်းက​ဆု​တွေကို မှတ်​မိ​ပါ၏။
သူ့မှာ ပိုက်​ဆံပြတ်​လပ်​မ​နေသလို systemက သူ့ကိုကူပြီး
ဇာတ်​ညွှန်း​ရွေး​ပေးတာမျိုး မလိုချင်​တာ​ကြောင့်​ ​​option
(A)ကိုသာ ရွေးချယ်​ခဲ့သည်​​လေ။အခု​တော့ ပမာဏက
အဆများစွာ တိုးလာ​ချေသည်​။ရန်​ပုံ​ငွေ သန်း၅၀၀လား
ဆုရမဲ့ဇာတ်​ညွှန်းလား?သူ ခဏတာ စဉ်းစားလိုက်​ပြီး...
(A)ကို ​ရွေးဖို့ ဆုံးဖြတ်​လိုက်​၏။ငွေကို ဖြည်းဖြည်းချင်း
ရှာလို့ရနိုင်​ပြီး ဇာတ်​ညွှန်းကိုလည်း ​သေ​သေချာချာ​လေး
ရွေးချယ်​နိုင်​​ပေသည်​။ငွေနဲ့ဝယ်​မရတဲ့ တစ်​ခုတည်း​သော
အရာက အချိန်​သာဖြစ်သည်​။

သူ့စိတ်​က တဖြည်းဖြည်း ​ပြောင်းလဲနေမှန်း ​ဖေး​ရှောက်​ဇီ
သိလိုက်​ရ၏။ဒီကမ္ဘာကို သူစ​ရောက်​လာချိန်​သာ ဖြစ်​ခဲ့ရင်
သေချာ​ပေါက်​ B နဲ့ C ထဲက တစ်​ခုခု ​ရွေးချယ်​​ဖြစ်​မှာပင်​။
ဘာ​ကြောင့်​ဆို...သူ့မူလကမ္ဘာကို အတတ်​နိုင်​ဆုံးမြန်​မြန်
ပြန်​ရဖို့ရာ ချန်​ရှရဲ့သူ့အ​ပေါ်ယုံကြည်​မှု point 100အထိ
တိုးလာဖို့က သူ့ပန်းတိုင်​ ဖြစ်​တာ​ကြောင့်​​လေ။ဒီ​နေရာမှာ
သူ အချိန်အ​ကြာကြီးမ​နေချင်​သည်​မို့ ရန်​ပုံ​ငွေ ဒါမှမဟုတ်
ဇာတ်​ညွှန်းတစ်​ခုကို တိုက်​ရိုက်ရတာက ကျိန်း​သေ​ပေါက်
ပိုမြန်​​ပေသည်​။

Accidental Mark {Myanmar Translation}Where stories live. Discover now