For Zawgyi~
အပြန်အလှန်စကားဝိုင်းဝယ်
ဒီတစ်ကြိမ် ချန်ရှရဲ့ဒဏ်ရာက တကယ်မပြင်းထန်ပေ။
အရေးကြီးတဲ့ အခိုက်အတန့်မှာမှ ဓားက စင်တီမီတာ
နည်းနည်းလောက် လွဲချော်သွားခဲ့တာဖြစ်လေပြီး။
ချင်ယွိရဲ့အသေးစိတ်ဂရုစိုက်မှုအောက်မှာ ဒဏ်ရာက
တဖြည်းဖြည်း သက်သာလာ၏။သုံးရက်အကြာမှာ..
ချန်ရှ ပတ်တီးကိုဖယ်ရှားလိုက်ပြီး ချောချောမွေ့မွေ့ပင်
ဆေးရုံဆင်းလို့ရသွားချေသည်။ကျိုယန်တစ်ယောက်
သူ့ကို ကားနဲ့လာကြိုကာ...အမှတ်(၁၇)အထက်တန်း
ကျောင်းမှာရှိတဲ့ ရိုက်ကွင်းဆီ သူ့ကို တစ်ခါထဲတန်းပြီး
ပြန်ခေါ်သွားလေတော့သည်။ချန်ရှ ရိုက်ကွင်းပေါ်ပြန်ရောက်လာတဲ့အခိုက်အတန့်မှာ
လူတိုင်းက သူ့အနား စုရုံးစုရုံးလုပ်ရင်း နွေးနွေးထွေးထွေး
မေးလာကြပါ၏။"ချန်ရှ..ဒဏ်ရာက နာနေသေးလား?""မင်း အဆင်ပြေရဲ့လား?"
ဒါရိုက်တာလျိုသာမက စပါးလင်လေးနဲ့ ဆရာရွှီကပါ
စိတ်ပူနေရှာပြီး..ချန်ရှကို အချိန်အတော်ကြာ ဂရုစိုက်
ပေးနေလေသည်။ချန်ရှ မျက်နှာက ကြည်လင်နေကာ
တောက်တောက်ပပပြုံးလို့နေ၏။
"ကျွန်တော်အဆင်ပြေပါတယ်ဗျ။စိတ်မပူပါနဲ့...
အခုချက်ချင်း တန်း ရိုက်လို့တောင်ရတယ်!""ကျွန်တော့်ကို စိတ်ပူပေးလို့ ဆရာ(မ)တို့ကို
ကျေးဇူးတင်ပါတယ်။ကျွန်တော် သက်သာနေပါပြီ!"တစ်နေ့ခင်းလုံး နေရာတိုင်း နှုတ်ဆက်စကားသံတွေနဲ့သာ
ပြည့်နှက်နေခဲ့ပြီး။ချန်ရှနှလုံးသားထဲ နွေးထွေးမှုတို့ကား
ခိုဝင်လာချေ၏။သူ့အနေနဲ့ ^ကျဲကျီ^ အဖွဲ့သားတွေကို
သဘောကျသည်ပင်။ပြီးခဲ့တဲ့ မတော်တဆမှုက ဖြစ်ရပ်
တစ်ခုမျှသာဖြစ်လေကာ..အလုပ်အပေါ်ထားရှိတဲ့ သူ့ရဲ့
စိတ်အားထက်သန်မှုကိုတော့ သက်ရောက်မှုရှိလာမည်
မဟုတ်ပေ။
BINABASA MO ANG
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...