Chapter-44

4.3K 756 37
                                    

For Zawgyi~

လေယာဉ်​​ပေါ်က ​နွေး​ထွေးမှု​လေး

ထိုအချိန်​ ​ဖေး​ရှောက်​ဇီရဲ့စိတ်​အ​ခြေအ​နေကား သူတို့ရဲ့
က​လေးကို ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ မချစ်​မိ​သွားလေ​အောင်
သင်​ပြ​နေရပါတဲ့ မိဘ အလားပင်​။

သူ့ရဲ့စကားလုံး​တွေက နားလည်​လွယ်​​လောက်​ပါ၏။
ဖျော်​ဖြေ​ရေးလောကထဲက အနုပညာရှင်​​တစ်ေ​ယာက်​က
အသက်​ငယ်​ငယ်​​လေးနဲ့ အချစ်​​ရေးကိစ္စကို ဘယ်​လိုများ
ကြေညာလို့ရပါ့မလဲ?​နောက်​ပြီး...ချန်​ရှက (၁၈)နှစ်​သာ
ရှိ​သေးသည်​​လေ။သူ တစ်​​ယောက်​​ယောက်​နဲ့ ချစ်​ကြိုက်​မိ သွားတာနဲ့ အဆုံးသတ်​ရလဒ်​က သူတို့အတူရှိသည်​ဖြစ်​​စေ
ပြတ်​ဆဲသွားသည်​ဖြစ်​​စေ ချန်ရှရဲ့ရှင်သန်ရာ​​တက်​လမ်းမှာ
ရှိလာမည်​က မ​ကောင်းတဲ့သက်​​ရောက်​မှုတစ်​ခုတည်းသာ။

ဒါ​ပေမဲ့..ချန်​ရှ​ပြောခဲ့တာက​တော့ ခံစားချက်​​တွေကို
သူ့နှလုံးသားထဲမှာပဲ အမြတ်​တနိုးထည့်​ထားမည်​တဲ့။
သူ့နှလုံးသားထဲမှာ အမြတ်တ​နိုးထည့်​ထားမယ်​ပေါ့​?
သူ့နှလုံးသားထဲမှာ ပုန်းကွယ်​​နေရ​လောက်​​အောင်​လို့
ဒီလူက ဘယ်​​လောက်​များ​ကောင်း​နေလို့လဲ?

ခပ်​လှမ်းလှမ်းက ရှန်​ခိုင့်​ကိုကြည့်​ရင်း ​ဖေး​ရှောက်​ဇီ
မျက်​​မှောင်​ကျုံ့လိုက်​၏။ရှန်​ခိုင့်ခမျာ သူ့​အေးဂျင့်​နဲ့
စကား​ပြောကာရယ်​​မော​နေစဉ်​ ရုတ်​တရက်​ဆိုသလို
President​ဖေးရဲ့အကြည့်​စူးစူးတွေနဲ့ ရင်​ဆိုင်​လိုက်
ရ​ပြီး...နောက်​​ကျောပင်​ ​အေးစိမ့်​သွား​ရချေသည်​။
President​ဖေး သူ့ကိုကြည့်​လာတဲ့ အကြည့်​​တွေက
ထူးဆန်းကာ ထက်​ရှပြီး သူ့မျက်​လုံး​ထဲ မ​ပျော်​ရွှင်​တဲ့
အရိပ်​အ​ယောင်​တစ်​စွန်းတစ်​စပါရှိ​နေ​မှန်း သူ့အ​နေနဲ့
ခံစားမိသည်​​​လေ။ရှန်​ခိုင့်​မှာ ​ကြောင်​အ,သွား​​ရကာ..
သူ့ဘာသာသူ ပြန်​​တွေး​နေမိ၏။
^ငါ သူ​ဌေး မ​ကျေနပ်​​အောင်​ ဘာများလုပ်​ထားမိလို့လဲ?
ဒီ​နေ့ ရိုက်​ကူး​ရေးက အဆင်​မ​ပြေလို့လား?^

ရှန်​ခိုင်​ သူ့​ခေါင်းသူကုတ်​ကာ..အမြဲလို​ ​ဖော်​​ရွေလှတဲ့
အပြုံးတစ်​ခု ​ဖော်​ပြလိုက်​၏။

Accidental Mark {Myanmar Translation}Where stories live. Discover now