Chapter-59

4.3K 667 66
                                    

For Zawgyi~

ဒါက ချစ်​မိသွားတဲ့ခံစားချက်​များလား?

ဖေး​ရှောက်​ဇီခမျာ ချန်​ရှကို နမ်းလိုက်​မိမှန်း သတိပြုမိ
သွားတာနဲ့ နောက်​​ကျောက ​တောင့်​တင်းသွားရ၏။ဒီလို
ဖြစ်​လာဖို့ သူ မ​မျှော်​လင့်​ထား​ချေ။သူ့အ​နေနဲ့ ချန်​ရှ
သေနတ်​ချိန်​တာကို ကူညီ​ပေးချင်​ခဲ့ရုံသာ။ရုတ်​တရက်
ချန်​ရှက ​နောက်​လှည့်​လာမယ်​ဆိုတာ သူဘယ်​လိုလုပ်
သိမှာတုန်း?အခု​တော့ သူ လူငယ်ေ​လးရဲ့နှုတ်​ခမ်းကို
နမ်းမိသွားပြီ​လေ?

ချန်​ရှရဲ့အမြင်​မှာ​တော့ သူက တမင်​သက်​သက်​ နမ်းဖို့
တိုးလာသလိုမျိုးနဲ့ ပိုတူသွားမှာ။သူ့အပြုအမူ​တွေကို
ဘယ်​လိုရှင်းပြရ​တော့မှာလဲ​?

^ကိုယ်​ မရည်​ရွယ်​ပါဘူး..မင်း ရုတ်​တရက်​လှည့်​လာမယ်
ကိုယ်​ မထင်​ခဲ့လို့။တောင်းပန်​ပါတယ်​..ဒါက တိုက်​ဆိုင်​မှု
တစ်​ခု​လေးပဲ လို့လား?^

ချန်​ရှက အဲ့ဒါကို ယုံကြည်​ပါ့မလား?သူဘယ်​လိုပဲရှင်းပြပြ
သူက ချန်​ရှကို လှည့်​စားပြီး အရူးတစ်ေ​ယာက်​လို ဆက်​ဆံ
နေသလိုပဲ။သူတို့နမ်းမိလိုက်​ရင်​ အရမ်းရုတ်​တရက်​ဆန်​လို့
အ​ကောင်​​ပေါက်​​လေး ​ကြောက်​မသွား​လောက်​ဘူးလား?

နှစ်​​ဦးသားက ^နှုတ်​ခမ်းချင်းထပ်​​^​နေတဲ့ အ​နေအထားနဲ့
ရုပ်​ရှင်​ကို ​ခေတ္တရပ်​တဲ့ခလုတ်​နှိပ်​ထားသလို ရပ်​တန့်​လို့။
အခန်းတွင်းရှိလေထုက တဖြည်းဖြည်းထူးဆန်းလာ၏။

ချန်​ရှရဲ့မျက်​နှာက ရဲရဲနီလျက်​သား။President​ဖေးက
နမ်းပြီး​တော့ ဘာလို့မ​လှုပ်​တာလဲ?သူ့ကို ဒီထက်​ပိုပြီး
လိုချင်​တာလား?

ဖေး​ရှောက်​ဇီ ရုတ်​တရက်​ အ​တွေးတစ်​ခု ဝင်​လာ၏။
ဒီအ​တောအတွင်း သူ့ရဲ့ချန်​ရှအ​ပေါ် ပိုင်​ဆိုင်​လိုစိတ်​က
သူ့ကိုေ​တာ်ေ​တာ်ေ​လးခံစားရ​အောင်​ ပြုစားခဲ့​ပေသည်​။
သူ ချန်​ရှရဲ့သ​ဘောထားကို စမ်းသပ်​ဖို့ ဒီအခွင့်​အ​ရေးကို
ဘာလို့အသုံးမချရမှာလဲ?ချန်​ရှက သူ့ကိုမုန်းလို့ပဲဖြစ်​ဖြစ်
ထိတ်​လန့်​ပြီး အ​ဝေးကိုထွက်​သွားချင်​တာမျိုးပဲဖြစ်​ဖြစ်​..
အဲ့ဒီလိုသာဖြစ်​ခဲ့ရင်​ သူ့အ​နေနဲ့ pheromone​တွေ​ကြောင့်
တဒင်္ဂစိတ်​လွတ်​သွားတာလို့ ဆင်​​ခြေ​ပေးလိုက်​ပြီး​တော့..
သူတို့ကြားက ဆက်​ဆံ​ရေးကို ဖြည်းဖြည်းချင်း ပြန်​ပြီး
ပြင်​ဆင်​လိုက်​မည်​သာ။

Accidental Mark {Myanmar Translation}Where stories live. Discover now