Chapter-13

5.2K 1K 34
                                    

For Zawgyi~

နောက်​ဆုံး​တော့ ယုံကြည်​မှုက
လမ်းတစ်​ဝက်​​ရောက်​ပြီ

ဖေး​ရှောက်​ဇီအ​နေနဲ့ အဓိကဇာတ်​​ကောင်​​နေရာမှာ
ချန်​ရှသရုပ်​​ဆောင်​လိမ့်​မယ်ဆိုတဲ့စကားကို တိုက်​ရိုက်
ထုတ်​မေ​ပြာခဲ့​ချေ။အ​ကြောင်းက လတ်​တ​လော ချန်​ရှမှာ
ရုပ်​ရှင်​​ရော ဇာတ်​လမ်းတွဲ​ရော ဘာတစ်​ခုမှမရှိ​သေးသလို
သူသာ အခုလိုဆုံးဖြတ်​လိုက်​ရင်​ အခြားအနုပညာရှင်​​တွေနဲ့
အေးဂျင့်​​တွေကြားမှာ သံသယ​တွေသာ ​ပေါက်​ဖွားလာမှာ
အ​သေအချာပင်​။*'မင်း​​​​​အဝေးကိုသွား​ချင်​လေ ထိုအ​ဝေးကို
ရောက်​ဖို့ ပိုမဖြစ်​နိုင်​​လေ'*ဆိုတဲ့ နိယာမကို သူအ​နေနဲ့
ရှင်းရှင်းလင်းလင်း သိ​​လေသည်​။အခုဆို သူက ကုမ္ပဏီရဲ့
သူ​ဌေးဖြစ်​သလို Group Cရဲ့​ခေါင်း​ဆောင်​လည်းဖြစ်​သည်​။
အစမှာထဲက 'ချန်​ရှကိုအ​လေးထား'တယ်​ဆိုတဲ့
ထင်​မြင်​ချက်​​ကို ချန်​ထားရစ်​ခဲ့မိရင်​ ​ကောင်းမွန်​တဲ့
အရာတစ်​ခုဖြစ်​လာလိမ့်​မည်​မဟုတ်​​ပေ။

{Note-ဒီ​နေရာက*လောဘကြီးလွန်းတာကလည်း
မ​ကောင်းဘူး* ဆိုတဲ့စကားနဲ့ဆင်​ပါတယ်​}

ဒါက လူသစ်​​လေး​တွေအကုန်​လုံးကို သူ ဘာလို့
အခွင့်​အ​ရေး​ပေးခဲ့ရတယ်​ဆိုတာပဲ ဖြစ်​သည်​။
သူ့အဖွဲ့ထဲက လူသစ်​​လေး​တွေအကုန်​လုံး အစမ်း
သရုပ်​​ဆောင်​မှုမှာ ပါဝင်​နိုင်​ပြီး အဓိကဇာတ်​​ကောင်
နေရာအတွက်​ သူတို့ရဲ့ခွန်​အားကသာစကား​ပြောလိမ့်​မည်​။

မူရင်းဝတ္ထုရဲ့ ​နောက်​ပိုင်းဇာတ်​​ကြောင်း​တွေမှာ
ချန်​ရှက နိုင်​ငံ​ကျော်​သရုပ်​​ဆောင်​တစ်​ဦးဖြစ်​လာနိုင်​တယ်
ဆိုကတည်းက သူ့ရဲ့အရည်​အချင်းက စကားနဲ့
မ​ဖော်​ပြနိုင်​​လောက်​​အောင်​ ဆိုးရွားနေမှာမဟုတ်​မှန်း
သူ ယုံကြည်​သည်​​။အခွင့်​အ​ရေးက သူ​ရှေ့မှာ
ရှိ​နေပြီးသားပဲ..အဲ့ဒါအတွက်​ ဘယ်​လိုတိုက်​ခိုက်​ရမလဲ
ဆိုတာ ချန်​ရှသိသင့်​သည်​​လေ။

ဖေး​ရှောက်​ဇီ ကျိုယန့်​ကို​​တစ်​ချက်​​ဝေ့ကြည့်​လိုက်​ပြီး
သူမကို​ပြောလိုက်​၏။"အနုပညာရှင်​​အချို့နေဖို့
တိုက်​ခန်း​နေရာအတွက်​ ​ထောက်​ပံ့​ရေးဌာနကို
ကိုယ်​​ပြောပြီးသွားပြီ...မင်း ​သော့​တွေယူပြီး
သူတို့ကို အနုပညာရှင်​​တွေ​နေတဲ့အိမ်​ရာ​ဘက်​ကို
အမြန်​ဆုံး​ရွှေ့ခိုင်းလိုက်​​တော့...​နောက်​ပြီး
သူတို့နဲ့အတူ လက်​​ထောက်​တစ်​​ယောက်​​လောက်
ထားသင့်​တယ်​...အဲ့အတွက်​ စီစဉ်​​ပေးလိုက်​ပါ"

Accidental Mark {Myanmar Translation}Where stories live. Discover now