Chapter-51

3.5K 663 41
                                    

For Zawgyi~

အမျိုးသားOmega​​တွေလည်း
ကိုယ်​ဝန်​​ဆောင်​နိုင်​တာပဲလား?

ဖေး​ရှောက်​ဇီ ဒီဝတ္ထုကမ္ဘာကို ဝင်​​ရောက်​လာခဲ့တုန်းက
^​မျှော်​လင့်​မထားတဲ့စွန်းထင်းမှု^ဆိုတဲ့ မူရင်း​ဝတ္ထုကို
ဖတ်​ခဲ့ဖူးသည်​ပင်​။ထိုမူရင်းဝတ္ထုထဲမှာ Omega​တွေက
ကိုယ်​ဝန်​​ဆောင်နိုင်​​​ကြောင်း တစ်​ကြိမ်​တစ်​ခါ​လေးပင်
ဖော်​ပြမထားခဲ့​ချေ။ဖေး​ရှောက်​ဇီတစ်​​ယောက်​ ဒီလိုမျိုး
^အမျိုးသားကိုယ်​ဝန်​​ဆောင်​!^ဆိုတဲ့ ထူးထူးဆန်းဆန်း
ဇာတ်​ကွက်​ကြီးရှိလာလိမ့်​မယ်​လို့ ဘယ်​​သောအခါမှ
မျှော်​လင့်​မထားမိခဲ့။

သူ အမြဲတမ်း​တွေးထင်​ခဲ့သည်​က...Alphaနဲ့ Omega
ကြားက ကွာခြားချက်​မှာ လက်​​တွေ့ဘဝမှာရှိ​နေ​ပေတဲ့
လိင်​တူအသိုင်းအဝိုင်းက နံပါတ်​ 1 နဲ့ 0 လိုမျိုးပင်​။
နံပါတ်​ (1)က ဦး​ဆောင်သူ​(Gong)ဖြစ်​ပြီး (0)မှာက
လက်​ခံသူ (shou)အဖြစ်​။ဒီ​နေရာမှာ​တော့ မတူညီတဲ့
ရနံ့​တွေရှိ​ချေ၏..ဥပမာ သူတို့အချင်းချင်း ခွဲခြားနိုင်​ပြီး
တစ်​ဦးကိုတစ်​ဦး ဆွဲ​ဆောင်​နိုင်​တဲ့pheromone​တွေ​ပေါ့။

ဒီအချိန်​အ​တောအတွင်းမှာ သူ ချန်​ရှအ​ပေါ်ထားရှိတဲ့
သ​ဘောထားက လိင်​တူဖြစ်​တဲ့ ဂျူနီယာ​လေးအ​ပေါ်
အကြီးတစ်​ယောက်​လိုသာ ဖြစ်​ခဲ့၏။သူ့မျက်​လုံးထဲမှာ
ချန်​ရှက တက်​ကြွပြီး အလုပ်​ကြိုးစားတဲ့ လူငယ်​​လေး
တစ်​​ယောက်​သာ။သူတို့နှစ်​​ယောက်​ ရုပ်​ပိုင်းဆိုင်​ရာအရ
ထိ​တွေ့မှု​တချို့ ရှိခဲ့ရင်​တောင်မှ သူ့အ​နေနဲ့ မှားယွင်းတဲ့
အ​တွေး​တွေ မထားခဲ့​ပေ။

အခု​ ​အေးဂျင့်​က Omegaသရုပ်​​ဆောင်​မှာ ကိုယ်​ဝန်
ရှိ​နေတယ်​လို့ တကယ်​ကြီး ​ပြောလိုက်​တယ်​?တခြား
Omega​တွေ ကိုယ်​ဝန်​​ဆောင်​နိုင်​တယ်​ဆို​တော့...
ချန်​ရှလည်း ကိုယ်​ဝန်​​ဆောင်​နိုင်​တာလား?ဒါဆို...
မ​နေ့ညက သူ ချန်​ရှနဲ့ အိပ်​ခဲ့တာက​ရော?

သူ ဒီအ​ကြောင်း​ ပိုတွေး​လေ​​လေ ပိုလို့ ​ခေါင်းကိုက်​လာ
လေပင်​။ဒီကမ္ဘာရဲ့တချို့စည်းမျဉ်း​ဇယားတွေက သူ့ရဲ့
နားလည်​နိုင်​စွမ်းထက်​ ​ကျော်​လွန်​​နေ​ပြီဆိုတာကို သူ
သိလိုက်​ရ​​​ပြီဖြစ်၏​​။သူ့အ​နေနဲ့ ယုံကြည်​ထားတာက..
Alpha​တွေက (1)နဲ့ တူညီပြီး Omega​တွေက (0)နဲ့
တူညီကာ pheromone​တွေက​တော့ ကိုယ်​သင်းရနံ့နဲ့
ညီမျှတယ်​လို့သာ။ဒါ​တွေအကုန်​လုံး မှားယွင်း​နေပုံပင်​။
ဒီ​နေရာမှာ လုံးဝ မဖွင့်​ရ​သေးတဲ့ တချို့​​သောလျို့ဝှက်
ဇာတ်​ကွက်​​တွေ ရှိ​နေ​သေး​ချေ၏။

Accidental Mark {Myanmar Translation}Where stories live. Discover now