Chapter-42

4K 806 109
                                    

For Zawgyi~

မင်းမှာ ​သ​ဘောကျရတဲ့လူရှိ​နေပြီလား?

President​ဖေး တံခါးဖွင့်​ဝင်​လာတဲ့အခိုက်​အတန့်​မှာ..
ကျိုယန့်​ခမျာ သူမတည်​ရှိမှု​လေးက အပိုဖြစ်​​နေသလို
ခံစားလိုက်​ရ​​​လေသည်​။ President​ဖေးနဲ့ ချန်​ရှက
တစ်ေ​ယာက်နဲ့တစ်​​ယောက်​ ​အကြည့်​ချင်းဆုံ​နေ​ပြီး..
ကျိုယန်​က​တော့ အလယ်​မှာညပ်​​နေကာ သူမဘဝက
ပင်​အပ်​​တွေ​ပေါ် ထိုင်​​နေရသည့်​အလားပင်။အ​ဝေးကို
လစ်​ထွက်​ဖို့ သူမ အလွယ်​တကူ ဆင်​​ခြေရှာလိုက်​ရ၏။
"President​ဖေး..ချန်​ရှ ရှင်​တို့အရင်​ စကား​ပြောနှင့်
လိုက်​ပါဦး။ကျွန်​မ မနက်​စာသွားဝယ်​လိုက်​ဦးမယ်​"

ကျိုယန်​ ဖေး​​ရှောက်​ဇီ နံ​ဘေးကဖြတ်​သွားတဲ့အခါ
ဖေး​ရှောက်​ဇီက သူမကိုခပ်​တိုးတိုး ​ပြောလာ၏။
"ချန်​ရှကိုတစ်​ညလုံး​စောင့်​​ပေးထားရတာ..မင်းအ​နေနဲ့
လွယ်​မှာမဟုတ်​ဘူး။ပြဿနာ​တွေကလည်း ရှင်း​ပြီးပြီ။
မင်း မနက်​စာဝယ်​ပြီးသွားရင်​ ပြန်​နားလိုက်​ဦး။တခြား
တစ်​​ယောက်​​နဲ့လူလဲပြီး ချန်​ရှကို ဂရုစိုက်​ခိုင်းလိုက်​"

ကျိုယန်​ အ​လျင်​စလို ​ခေါင်းညိတ်​ရင်း​။"ဟုတ်​ကဲ့ပါ..
President​ဖေး။ ကျွန်​မ ချန်​ရှကို ဂရုစိုက်​​ပေးဖို့
အစ်​မရုန်​ကို လွှတ်​လိုက်​ပါ့မယ်​"

သူမ ထွက်​ခွာသွားတဲ့အခါ..​.ဖေး​ရှောက်​ဇီ ချန်​ရှအနား
လျှောက်​လာ၏။သူ့အမြင်​မှာ ချန်​ရှအသားအ​ရောင်​က 
အများကြီး ပို​ကောင်း​လာခဲ့ပြီး ယမန်​​နေ့က​လောက်
ဖြူ​ဖျော့မ​နေ​​​တော့​ချေ။နောက်ဆုံး​မှသာ ​ဖေးရှောက်​ဇီ
သူ့စိုးရိမ်​စိတ်​​တွေကို လွှတ်​ချကာ ချန်​ရှခုတင်​​ဘေးမှာ
ထိုင်​ချနိုင်​​လေသည်​။

ချန်​ရှက​ သူ့ကို ​အသာဂရုစိုက်​ရှာပါ၏။
"President​ဖေး..မ​နေ့ညက အနားယူခဲ့​ရဲ့လား?"

Alphaရဲ့စိတ်​အ​ခြေအ​နေက သိပ်​​ကောင်းပုံမရ​ချေ။
တစ်​ညလုံးအိပ်​​ရေးပျက်​ပြီးတဲ့​နောက်​ ​သူ့​မေး​စေ့မှာ
မုတ်​ဆိတ်​​မွှေးငုတ်​တို​လေး​​တွေပင်​ ထွက်​နေ​လေပြီး
အခု​ သူစကား​ပြောတဲ့အချိန်မှာလည်း ​​​လေသံကား
ခပ်​သြသြနဲ့ အက်​ရှရှဖြစ်​​နေ​သေး၏။မသိရင်​ပဲ..
လည်​​ချောင်းကိုကော်​ဖတ်​စားထားသည့်​အတိုင်း။
သူ့ခမျာ အာ​ခြောက်​​နေသည်​က အသိသာကြီးပင်​။
တကယ်​တမ်း သူ့မှာ အလွန်​ပင်​ပန်းခဲ့ရသည်​​လေ။
အဖြစ်​မှန်​ကိုစုံစမ်းဖို့ သူ့​လေယာဉ်​ချိန်​ကို ​ရွှေ့ကာ
ရုန်​ချန်​ကို အ​ပြေးပြန်​လာခဲ့ရ၏။အဲ့ဒီနောက်​မှာ..
သက်​​သေ​တွေလွှဲ​ပြောင်းဖို့ ရဲစခန်းကို သွားခဲ့ရပြီး
ညလုံး​ပေါက်​ခဲ့ရသည်​သာ။

Accidental Mark {Myanmar Translation}Where stories live. Discover now