For Zawgyi~
တရားဝင် စာချုပ်
နောက်တစ်နေ့...
ချန်ရှတစ်ယောက် မနက်၇နာရီ alarmပေးထားခဲ့ပြီး
အချိန်ကျတာနဲ့ အလျင်အမြန်အိပ်ရာထကာ
ရေချိုးသန့်စင်ပြီး မနက်စာစားလိုက်၏...။
အဲ့ဒီနောက် မှန်ရှေ့ရပ်ကာ သူ့အဝတ်အစားတွေကို
ဂရုတစိုက်ဝတ်ဆင်လိုက်သည်...။ကျောင်းချုံ သူ့အတွက်ရွေးပေးထားတဲ့ဂျင်းဘောင်းဘီကို
အညိုဖျော့ရောင်ဆွယ်တာရယ် အဖြူရောင်အနွေး
အင်္ကျီရယ်နဲ့ တွဲဖက်လိုက်တဲ့အခါ အတော်လေး
လိုက်ဖက်လေသည်။ဒီလိုဝတ်စားဆင်ယင်မှု
ဆောင်းရာသီမှာ ထင်ထင်ပေါ်ပေါ်မရှိပေမဲ့ ဒါက
ဘယ်တော့မှ မှားယွင်းလိမ့်မည်တော့မဟုတ်ပေ။ချန်ရှ ပြင်ဆင်ပြီးသွားတာနဲ့ ကျောင်းချုံက မာဖလာ
တစ်ထည်ရှာယူပြီး သူ့ထံပေးလာ၏။"ဒီရက်ပိုင်း... ရာသီဥတုအေးနေတာမို့ မာဖလာလေးလည်းပတ်သွား။
ဒါနဲ့..ဒီအချိန်ဆို ယာဉ်ကြောတွေပိတ်နေလောက်ပြီ
Taxiငှါးဖို့မလွယ်လောက်ဘူး...."အဲ့ဒီနောက်..
သူမ မီးဖိုချောင်ဘက် လှည့်ကာအော်ပြောလိုက်၏။
"အဘိုးကြီးချန်...ရှင့်သားကို လိုက်ပို့ပေးလို့ရမလား?"ချန်ယိမင် သူ့ခေါင်းကိုဆန့်လိုက်ပြီး.."ရတာပေါ့..
ဘာပဲဖြစ်ဖြစ် ကျုပ်က အားနေတာပဲလေ"ချန်ရှ မာဖလာ ပတ်နေရင်း "အမေ..ကျွန်တော်က
အေးဂျင့်နဲ့ ၈နာရီခွဲမှချိန်းထားတာ..တစ်နာရီကျော်တောင်
လိုပါသေးတယ်..ကျွန်တော့်ကိုလိုက်ပို့်ပေးဖို့မလိုပါဘူး..."ချန်ယိမင် သူ့လက်တွေကိုသုတ်လိုက်ပြီး မီးဖိုချောင်ကနေ
ထွက်လာ၏။သူ သားဖြစ်သူကို အထက်အောက်စုန်ဆန်
ကြည့်ရင်း တည်ကြည်စွာဖြင့်"မင်းက အခုချိန်မှာ
လူသိမများသေးတဲ့ အနုပညာရှင်ပေါက်စလေးသက်သက်ပဲ..အဆင်သင့်စောင့်နေပေးမဲ့ ဒရိုင်ဘာလည်းမရှိသေးဘူး။
ဒီနေ့တော့မင်းအဖေက မင်းရဲ့ဒရိုင်ဘာလုပ်ပေးမယ်။
သွားကြစို့။ဘာပဲဖြစ်ဖြစ် နောက်ကျတာထက်စောတာက
ပိုကောင်းတယ်"
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...