Chapter-74

1.8K 179 11
                                    

For Unicode~

အမှန်တရားထွက်​ပေါ်လာခြင်း

ချန်ရှ ​ဝေဖန်တိုက်ခိုက်ခံရပြီး သုံးရက်​မြောက်​နေ့ဝယ်
​ဖေး​ရှောက်ဇီက ရုတ်တရက်ကြီး Weibo​ပေါ်မှာ
ပို့စ်တစ်ခုပြန်တင်လာ၏။ထိုပို့စ်က..
'​Omegaတစ်ဦးအား ကြံစည်ရန် ​ကျောက်ဝမ်းရှို၏ pheromoneဆေးအကူ ဝယ်ယူမှုနှင့် ချန်ရှကို
ထိခိုက်​စေရန် အရံသရုပ်​ဆောင်အား​စေခိုင်းမှုတို့ကို
သြဂုတ်လ ၉ရက်​နေ့ ​နေ့လယ် ၂နာရီခွဲအချိန်တွင်
လူသိရှင်ကြား အမှုကြားနာမည်'ဖြစ်​ကြောင်း
ထုတ်ပြန်ထားသည့် ရုန်ချန်ပြည်သူ့တရား​ရေးရာရုံးမှ
အသိ​ပေးစာတစ်ခုဖြစ်​​သည်။

ဖရဲ​သီးစားနေတဲ့အင်တာနက်အသုံးပြုသူ​တွေက
ချန်ရှရဲ့Weiboထံ အုပ်စုလိုက်ချီတက်သွားကြ၏၊
လွန်ခဲ့တဲ့ရက်ပိုင်း​လောက်တည်းက ချန်ရှWeiboမှာ
ဆဲဆိုမှု​ပေါင်းများစွာ လွှမ်းခြုံခံထားရပြီးသားပင်။
လူအနည်းငယ်က​မူ ​ဖေး​ရှောက်ဇီကို အာရုံစိုက်မှု
​ပေးလာ​လေသည်။တကယ်တမ်း ​ဖေး​ရှောက်ဇီက
ထျန်ရွှမ်းရဲ့​သူ​ဌေးဖြစ်ပြီး အဓိကအချက်မှာ
ချန်ရှ ဦးဆုံးဆွဲ​ဆောင်ခဲ့သည့်​ဘော့စ်ဖြစ်​နေခြင်းပင်။

​ဖေး​ရှောက်ဇီ ပို့စ်ပြန်တင်ပြီးသကာလ ချန်ရှလည်း
တစ်ဖန်ပြန်ကာ ​ရေးတင်လိုက်သည်။
/ကျွန်​တော်ကိုယ်တိုင် တရားရုံး သွားမှာပါ/

လူတိုင်းက ချန်ရှရဲ့Weiboပို့စ်ကို နှိပ်ကြည့်ပြီး​နောက်
ဒီကိစ္စမှာပါတဲ့ တခြားဇာတ်လိုက်ကိုပါ ရှာ​တွေ့သွား၏။

President​ဖေးရဲ့ Weiboက အလွန်ရိုးရှင်းသည်။
သူ့ရဲ့ပရိုဖိုင်ပုံက '​ဖေး'ဆိုတဲ့ စကားလုံး​လေးသာ
ဖြစ်ပြီး မိတ်ဆက်သည့်အ​ကြောင်းအရာ​နေရာမှာ
'ထျန်ရွှမ်း၏CEO'လို့ ​ရေးသားထားခြင်းသာရှိ၏။
သူက ဘယ်​သောအခါမှ ​နေ့စဥ်စာတို​တွေမတင်​ပေ။
ရှိတာဆိုလို့ ကျဲကျီတရားဝင်ပရိုမိုးရှင်း ပို့စ်​တွေကို
ပြန်တင်ထားရုံသာ။

အစတုန်းက..ဖေး​ရှောက်ဇီက ချန်ရှအတွက် ဒါကို
လျို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းချင်ခဲ့​ပေမဲ့
ယခု​တော့ အင်တာနက်​ပေါ်မှာ ချန်ရှအ​ကြောင်း​တွေ
​ဖော်ထုတ်ခံရပြီးဖြစ်​နေ​လေပြီ။လျို့ဝှက်ချက်က
ဒီထက်ပိုပြီးမလို​အပ်​တော့ပါဘဲ ချန်ရှခမျာ ​ပြောဆို
ဆူဆဲသမျှလက်ခံ​နေရ၏။ချန်ရှရဲ့ထင်မြင်ချက်ကို
ထည့်သွင်းစဥ်းစားပြီး​​နောက်​မှာ​တော့ ​ဖေး​ရှောက်ဇီက
လူအားလုံး​ရှေ့​ဝယ် ချန်ရှရဲ့ဖြူစင်မှုကို သက်​သေပြဖို့
အမှုကြားနာခြင်းကို  အများ​ရှေ့ချပြဖို့ဆုံးဖြတ်ခဲ့သည်။
သူက ရိုက်ကွင်းမှ ထွက်ခွာခွင့်ကို​တောင်းခံခဲ့ပြီး
အမှုကြားနာခြင်းအတွက်ပြင်ဆင်ဖို့
ချန်ရှကို ရုန်ချန်ဆီ ပြန်​ခေါ်လာခဲ့​ပေသည်။

​Accidental Mark {Myanmar Translation}Where stories live. Discover now