Chapter-69

1.8K 258 69
                                    

For Unicode~

ကျဲကျီတရားဝင်ထုတ်လွှင့်ခြင်း

ဇူလိုင် ၁၀ရက်နေ့ဝယ်.. 'ကြည်နူးဖွယ်ကောင်းသည့်
ကျောင်းတွင်းဇာတ်လမ်းတွဲ ကျဲကျီအား ဇူလိုင်လ
၁၀ရက်နေ့မှ စတင်၍ ညစဉ် ၈နာရီတိုင်းတွင် ပုံမှန်
ထုတ်လွှင့်ပြသွားမည်'ဆိုသည့်ပိုစတာကို လင်းဟူရဲ့
ဟုမ်းပေ့ချ်မှာ အကောင်းဆုံးအနေအထားဖြင့်
ဖော်ပြထား၏။

ဒီပိုစတာကို ကြော်ငြာဌာနက ဖေးရှောက်ဇီဘက်မှ
လိုချင်တဲ့အချက်အလက်တွေအတိုင်း ပြုလုပ်ခဲ့တာ
ဖြစ်ပြီး ဖေးရှောက်ဇီထံတင်ပြပြီးမှ အပြီးသတ်ခဲ့ခြင်း
ဖြစ်သည်။

ဓာတ်ပုံထဲရှိ လူငယ်လေးမှာ လွယ်အိတ်လွယ်လျက်
နှင်းတောထဲ ရပ်နေခဲ့လေကာ သူ့ညာဘက်လက်ကို
ဆန့်ထုတ်ပြီး ကောင်းကင်မှတဖွဲဖွဲကျဆင်းလာသည့်
နှင်းစက်နှင်းပွင့်တို့ကို ဖမ်းဆုပ်ဖို့ကြိုးစားလျက်သား။
ကျယ်ပြန့်တဲ့ နှင်းလွှာထုကြီးက သူ့ဘေးပတ်လည်ရှိ
အဆောက်အဦးတိုင်းကို ဖုံးလွှမ်းထားပုံမှာ
ရေခဲနဲ့နှင်းတို့ဖြင့် ဖန်တီးထားတဲ့ ဆန်းကြယ်သည့်
ကမ္ဘာတစ်ခုလိုပင်။ပိုစတာထဲက လူငယ်လေးမှာ
တောက်ပတဲ့အပြုံးလေးတစ်ပွင့်ရှိပြီး သူ့လက်ဖဝါး
ပေါ်မှ နှင်းစက်လေးကမူ အရည်ပျော်သွားခြင်းမရှိ။
ကင်မရာဖြင့်ရိုက်ယူထားတဲ့ ဒီရှုမြင်ကွင်းလေးကို
ကြော်ငြာဌာနရှိ အဖွဲ့သားတွေက အသုံးပြုခဲ့ကာ
နောက်ပိုင်းမှာ ပိုစတာအကြီးစားအဖြစ် တစ်ဖန်
ထုတ်လာတာဖြစ်သည်။

ချန်ရှရဲ့မျက်နှာအသွင်အပြင်လေးက သိမ်မွေ့ပြီး
အထူးသဖြင့် သူ့ရဲ့လက်ချောင်းသွယ်သွယ်လေး
တွေက ကြည့်ကောင်းလှ၏။ဓာတ်ပုံကို တစ်ချက်
ကြည့်လိုက်ရုံနဲ့ ဖြတ်လျှောက်တွေ သ​ဘောကျ
နှစ်ခြိုက်သွားစေဖို့ ရည်ရွယ်ချက်ဖြင့် လက်ရယ်
မျက်နှာလေးရယ်ကို အနီးကပ်ရိုက်ယူထားခဲ့တာ
ဖြစ်သည်။ထူထပ်တဲ့ နှင်းစက်တို့က သူ့နံဘေးမှာ
ကျဆင်းနေခဲ့ပြီး ချမ်းအေးတဲ့ ဆောင်းဥတုဝယ်
နှင်းတွေထံ လက်လှမ်းနေလေတဲ့လူငယ်လေးရဲ့
တောက်တောက်ပပအပြုံးလေးက မြင်ကွင်းပုံရိပ်
တစ်ခုလုံးကို ချက်ချင်းပင် နွေးထွေးသွားအောင်
ဖန်တီးလိုက်ဟန်ရ၏။

​Accidental Mark {Myanmar Translation}Where stories live. Discover now