Chapter-26

4.3K 833 16
                                    

For Zawgyi~

ချန်​ရှရဲ့ဂရုစိုက်​မှု​လေး(၂)

ဖေးရှောက်ဇီရဲ့စကားလုံး​​တွေကိုကြားလိုက်ရ​တဲ့အခါ
အေးဂျင့်​နဲ့လူသစ်​​လေး​တွေခမျာ ကြက်​​သေ​သေလျက်​။
ချန်​ရှလည်းတန့်​သွားပြီး မယုံသင်္ကာနဲ့ပြန်​ကြည့်​လာ၏။
ဖေး​ရှောက်​ဇီက​ပြောလာ​လေသည်​။"ချင်​နျန်​နဲ့ပတ်​သက်​ပြီး
ဆရာမစပါးလင်​​လေးက မင်းကို​ပြောလိုက်​တာရှိလို့"

လေး​ယောက်​စလုံး သ​ဘော​ပေါက်​သွား​ချေ​ပြီပင်​။
ချန်​ရှရဲ့ယှဉ်​ပြိုင်​မှုက မူရင်းစာ​ရေးသူအ​ပေါ် အလွန်
လွှမ်းမိုးခဲ့သည်​ဆိုတဲ့ ​ကောလဟလ​တွေပင်​ရှိ​လေ၏။
ကျိုယန်​က အလိုက်​တသိနဲ့ ကျန်​သုံး​ယောက်​ကို အရင်
ဆွဲ​ခေါ်သွား​လေပြီး..ကျန်​ဖန်​သည်​လည်း နားလည်​စွာနဲ့
ရှောင်​ထွက်​သွား​တော့သည်​။

ရုံးခန်းထဲမှာ ချန်​ရှနဲ့​ဖေး​ရှောက်​ဇီသာ ကျန်​ရစ်​​လေသည်​။
ဖေး​ရှောက်​ဇီက သူ့​ဘေးက ဆိုဖာကိုညွှန်​ပြလိုက်​ရင်း..
"လာထိုင်​ပါဦး"

ချန်​ရှက အနားကို​လျှောက်​လာပြီး..ဆိုဖာ​ပေါ်ထိုင်ကာ..
အ​လေးအနက်​​မေးလိုက်​၏။"President​ဖေး..
ဆရာမစပါးလင်​​လေးက ဘာ​ပြောခဲ့တာလဲ?"

"စပါးလင်​​လေးက ဇာတ်​ညွှန်းပိုင်းမှာပါဖို့ ကိုယ်​တိုင်
သ​ဘောတူလိုက်​ပြီ"

ချန်​ရှရဲ့မျက်​လုံး​လေး​တွေက အ​ရောင်​လက်​သွား၏။
"တကယ်​ပဲလား?​ကောင်းတာ​ပေါ့!သူမက ချင်​နျန်​နဲ့
လုဖုန်းယန်​ဇာတ်​​ကောင်​​တွေကို ​သေချာအသိဆုံးပဲ။
သူမ သာရှိရင်​..ဇာတ်​ညွှန်းက ဇာတ်​​ကောင်​​တွေနဲ့
အံဝင်​ဂွင်​ကျဖြစ်​​နေမှာ ​ကျိန်း​သေပဲ"

ဝတ္ထုပြင်ဆင်ချက်ေ​​​တွထဲမှာ တားမြစ်​ထား​လေတဲ့
အရာအများစုက မျက်​လှည့်​ဆန်​တဲ့မွမ်းမံမှု​တွေပင်​။
'သူတို့ရဲ့အ​မေ​တောင်​ သူတို့ကိုမသိ​​​ဘူး'ဆိုတဲ့အထိ
ဖြစ်သွားေ​စတဲ့...ပြောင်းလဲမှု​တွေအများကြီးပါတဲ့
ဇာတ်​လမ်းတွဲ​တွေကို သူ့အ​နေနဲ့ မ​ရေတွက်​နိုင်​​အောင်
မြင်​ခဲ့ဖူး​သည်ေ​လ။မူရင်းစာ​ရေးသူသာ ဒီအပိုင်းမှာ
ကိုယ်​တိုင်​ကိုယ်​ကျပါဝင်​လာခဲ့ရင်​ အနည်းဆုံး​တော့
ကြုံရာကျပန်း ပြင်ဆင်​​မှုတွေဖြစ်​လာမှာမဟုတ်​​ချေ။
ဇာတ်​ညွှန်းကိုအာမခံနိုင်​​ပြီး ဇာတ်​လမ်းတွဲတစ်​ခုလုံးရဲ့
အုတ်​မြစ်​ကလည်း တည်​ငြိမ်​​နေ​ပေလိမ့်​မည်​သာ။

Accidental Mark {Myanmar Translation}Where stories live. Discover now