For Zawgyi~
တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးခြင်း
ကျိုယန်တစ်ယောက် Weiboကို စိုးရိမ်တကြီး
ပြေးကြည့်မိ၏။မှတ်ချက်ပေးတဲ့နေရာကတော့
ကွဲလွဲတဲ့အယူအဆတွေနဲ့ ထင်ကြေးတွေရယ်သာ
ပြည့်နှက်လျက်သား။သူ(မ) တစ်ခဏလောက်
တုံ့ဆိုင်းနေမိပြီးမှ ဖေးရှောက်ဇီထံ အကြံတောင်းဖို့
ဆုံးဖြတ်လိုက်၏။/Presidentဖေး..ချန်ရှက
အခု အပြောခံနေရပြီး ရှာဖွေမှုအများဆုံးဖြစ်နေပြီ။
ရှင် သူ့ကို ဒါရိုက်တာကျူးရဲ့အဖွဲ့ထဲထည့်လိုက်တာ
သူ့ကို မျက်နှာသာပေးပြီး ပံ့ပိုးပေးချင်တာကြောင့်လို့
သံသယဝင်နေတဲ့လူတွေအများကြီးပဲ။ရှင် PRဌာနကို
(ဒီကိစ္စ)လွှဲပေးစေချင်လား?/ဖေးရှောက်ဇီလည်း ထိပ်ဆုံးစာရင်းမှာရှိနေတဲ့
ဆိုးဆိုးရွားရွား ထင်ကြေးတွေကို မမြင်ဘဲမနေချေ။
ဒီကိစ္စက လွယ်လင့်တကူ ရှင်းပြလို့ရာမရ..
အကြောင်းကမူ ဖေးရှောက်ဇီအနေနဲ့ ချန်ရှအပေါ်
အမှန်တကယ် ပံ့ပိုးဖြည့်ဆည်းပေးချင်ခဲ့တာဖြစ်ပြီး
သူတို့နှစ်ဦးကလည်း ချစ်နေခဲ့ကြပြီးပြီပင်။ဒါပေသိ
ချန်ရှ အင်တာဗျူးဖြေစဉ်က အမှန်တွေချည်းသာ။
ရွှီကျစ်ယန်ဇာတ်ကောင်က ငွေနဲ့ရယူခဲ့ခြင်းမဟုတ်၊
ချန်ရှကိုယ်တိုင် ကြိုးစားခဲ့ခြင်းသာဖြစ်သည်။
ထျန်ရွှမ်းရဲ့နောက်ခံအင်အားကြောင့် ချန်ရှရဲ့
အားထုတ်မှုနဲ့ခွန်အားကို လျစ်လျုရှုငြင်းဆိုဖို့
မဖြစ်နိုင်ခဲ့ချေ။အနုပညာလောကထဲကဖန်တွေက
ရက်ပိုင်းလောက်သာ ဆူပူအုံကြွကာ အချိန်တန်ရင်
ဒီကိစ္စကို ကျော်သွားကြပေလိမ့်မည်။ဖေးရှောက်ဇီက တည်တည်ငြိမ်ငြိမ်သာ တုံ့ပြန်၏။
/မသိသလိုသာနေလိုက်..ထိပ်ဆုံးစာရင်းကနေ
ဖယ်ဖို့ ပိုက်ဆံအကုန်မခံနဲ့။အဲ့ဒီအစား..ချန်ရှကိုပဲ
ဂရုစိုက်ပေး။လိုင်းပေါ်ကလူတွေ ပြောချင်တာပြော
ထင်ချင်တာထင်ပါစေ။သူတို့ပိုပြီးသံသယဖြစ်လေ
ချန်ရှဘက်က ဇာတ်လမ်းတွဲထွက်လာတဲ့အချိန်
သူ့ရဲ့သရုပ်ဆောင်စကေးနဲ့ ပရိတ်သတ်ကိုပိုပြီး
အနိုင်ယူပြနိုင်လေပဲ..အချိန်ကျရင် ဒီလိုလူတွေ
ပါးစပ်ဟတော့မှာမဟုတ်ဘူး။စဉ်းစားတတ်တဲ့
လူတွေက ချန်ရှကို ပိုပြီးသဘောကျလာလိမ့်မယ်/
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...