Chapter-71

1.9K 212 13
                                    

For Unicode~

ဖေး​​ကောရိုက်ကွင်းကို​ရောက်လာပြီ

ရလဒ်ကို​ကြေညာလိုက်သည့်အခိုက်အတန့်ဝယ်
ဖြတ်​သွားဖြတ်လာ​တွေသာ အံ့သြသွားသည်မဟုတ်။
တခြားရုပ်သံလိုင်းကသူ​ဌေးဖြစ်သူ​တွေ၊
ရင်းနှီးမြှုပ်နှံသူ​တွေနဲ့ အဓိကကျတဲ့IPဇာတ်လမ်း​တွေရဲ့
သရုပ်​ဆောင်​​တွေလည်း မယုံကြည်နိုင်ဖြစ်​နေ​ပေသည်​!
ဒါက ပ​ရောဂျက်ကို​ကြေညာပြီး​နောက်ပိုင်း ပရိုမိုးရှင်း
တစ်ခုမှမရှိခဲ့တဲ့ အပိုင်း၂၀စာ အွန်လိုင်းဒရာမာ​လေးသာ
ဖြစ်သည်။ရိုက်ကူး​နေစဥ်အတွင်းမှာလည်း hot search
​ဝယ်ခဲ့ခြင်းမျိုးမရှိ၊ အဓိကသရုပ်​ဆောင်​တွေကလည်း
နာမည်မကြီးတဲ့ ၁၈ထပ်ကသရုပ်​ဆောင်​တွေချည်းသာ...
ဘယ်လိုလုပ်ပြီး နာမည်ကြီးသရုပ်​ဆောင်​တွေပါတဲ့
IPဇာတ်လမ်း​တွေကို လွှမ်းမိုးသွားရတာလဲ?

လူ​အများအပြားက ထင်​ကြေး​တွေ​ပေးလာကြ၏။
"​ဒေတာ​တွေက အတု​တွေမလား?"

"အဲ့ဒါက ပိုက်ဆံ​သုံးထားလို့ များနေတာဖြစ်ရမယ်။
အပိုင်း၂၀တည်း​လေ။Clickတစ်ချက်က အစက​​နေ
အဆုံးဆိုမှ ပြသနှုန်း၂၀ပဲဖြစ်မှာ။​အကြိမ်ကြိမ်clickဖို့
​ရေတပ်သုံးခဲ့ရင် ကြည့်ရှုနှုန်းက မရှိ​တော့ဘူးမလား?"

အခြားဇာတ်လမ်းတွဲ​​တွေရဲ့ပရိသတ်​တွေက ချဥ်စူးပြီး
သူတို့ကို​ကြိမ်း​မောင်း​ပြောဆိုဖို့ရာ တရားဝင်
Weibo​ပေ့ချ်အထိ​တောင် ချီတက်သွားကြ​လေသည်။
/​ဒေတာ​တွေကိုအတုလုပ်တာက မင်းတို့​တော်​တော်
များသွားပြီ!/

​ဖေး​ရှောက်ဇီအ​နေနဲ့ ​ဒေတာ​​တွေတိုးဖို့ ​ရေတပ်ကို
အသုံးမချခဲ့​​ပေ။တစ်​နေ့​​နေ့မှာ 'ကျဲကျီ'က ကြည့်ရှုနှုန်း
သန်းတစ်ရာအထိ​ရောက်ရှိလာနိုင်သည်..အ​ကြောင်းက
ကြည့်ရှုသူအများစုက (ဇာတ်လမ်းကို)ကောင်းတယ်ဟု
ခံစားမိလို့ပင်။သူတို့ကိုယ်တိုင် တစ်​ကျော့ပြန်ကြည့်တာ
ဒါမှမဟုတ် သူတို့အ​ကောင့်ကို​ ဆွေမျိုး​တွေ၊
သူငယ်ချင်း​တွေထံငှားလိုက်သည်မျိုးရှိ၏။ပြသနှုန်း
တစ်စိတ်တစ်ပိုင်းက အမှန်မှာ ထပ်ပြီးပြန်ကြည့်သည့်
ကြည့်ရှုနှုန်း​တွေဖြစ်သည်။

​Accidental Mark {Myanmar Translation}Where stories live. Discover now