Synopsis

59.1K 1.7K 23
                                    

For Zawgyi~

ဖေးရှောက်ဇီက 'မျှော်လင့်မထားတဲ့စွန်းထင်းမှု' ဆိုတဲ့ဝတ္ထု
တစ်ပုဒ်အကြောင်း အမှတ်မထင် ကြားခဲ့ရပြီး။တစ်ရက်
သူနိုးလာတဲ့အခါမှာတော့ စက်ဆုပ်ဖွယ်ကောင်းတဲ့ alpha
'ဖေးရှောက်ဇီ' အဖြစ် စာအုပ်ထဲ ကူးပြောင်းသွားပြီဆိုတာ တွေ့လိုက်ရ၏။ဝတ္ထုရဲ့အဓိကဇာတ်ကောင် omegaဖြစ်တဲ့ 'ချန်ရှ'မှာ သူ့ရဲ့pheromonesတွေ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားတာကိုရင်ဆိုင်လိုက်ရတဲ့အခါ...။မူလ
ဖေးရှောက်ဇီက အဓိကဇာတ်ကောင်ကို အမှတ်အသား ပေးဖို့ အခွင့်အရေးယူခဲ့ရုံသာမက ချန်ရှရဲ့မိဘတွေကို
သတ်ခဲ့ပြီး သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ပျက်စီးစေခဲ့၏။
ငါးနှစ်အကြာမှာချန်ရှက မည်းနက်တဲ့နှလုံးသားပိုင်ရှင်
ဖြစ်လာပြီး ...အကျင့်မကောင်းတဲ့ ဖေးရှောက်ဇီကို
သေတွင်း ပို့ဖို့ရာပြန်လာခဲ့​တော့သည်။

ဖေးရှောက်ဇီ : "......"

ဒါက ဘယ်လိုဇာတ်ကြောင်းမျိုးလဲ?သူ သူဌေးဖြစ်ခဲ့တဲ့
အချိန်တုန်းက တီဗွီရှိုးနဲ့ရုပ်ရှင်တွေမှာ ဘာလို့ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု မလုပ်တာလဲ?သူ့ရဲ့ဦးနှောက်ကြီးကို
အဓိကဇာတ်ဆောင်ကို အနိုင့်ကျင့်ဖို့ပဲ သုံးခဲ့တော့
သေတွင်းပို့ခံရတယ်ဆိုတာ အံ့သြစရာမဟုတ်တော့ဘူး။

အဲ့ဒါကြောင့် သူက ဂရုတစိုက်နဲ့ ချန်ရှအတွက်
ကျောင်းတွင်းဒရမ်မာ ဇာတ်လမ်းတစ်ခုကူညီရွေးချယ်ပြီး
ချန်ရှအိမ်ကို ပို့ပေးခဲ့၏။"ဒီဒရမ်မာက ချန်ရှအတွက်
သင့်တော်ပြီး အောင်မြင်ဖို့အလားအလာ ရှိတယ်လေ"

အဲ့ဒါက အမှန်တကယ် အောင်မြင်လာတဲ့အခါမှာတော့..
ချန်ရှက ပြောလာခဲ့သည်.."ကျေးဇူးတင်ပါတယ်၊
Presidentဖေး!"
.
.
.

"ချန်ရှအနေနဲ့ ရှိုးတွေမှာ ပါဝင်ပြီး သူ့ကိုယ်သူ
စိန်ခေါ်သင့်တယ်"

ချန်ရှရဲ့ ဖန်တွေက ၁၀သန်းအထိ များပြားလာတဲ့အခါ..
"ကျေးဇူးအများကြီးတင်ပါတယ်၊ President ဖေး!"

.
.

"မင်း ဒီဇာတ်လမ်းကို ကြိုးစားကြည့်ချင်လား?ဒီခက်ခဲတဲ့
ဇာတ်ကောင်ကို ကိုင်တွယ်ဖို့ မင်းမှာ အရည်အချင်းအပြည့်
ရှိတယ်လို့ ကိုယ်ထင်တယ်"

Accidental Mark {Myanmar Translation}Onde histórias criam vida. Descubra agora