Chapter-70

1.8K 242 21
                                    

For Unicode~

Dark Horse

နွေအားလပ်ရက်ရာသီအတွက် ပြိုင်ဆိုင်မှုက​တော့
ဇူလိုင်လလယ်မှာ စတင်ပြီး ပြည်တွင်းရှိ အဓိက
ရုပ်သံလိုင်းများအပြင် ရုပ်ရှင်နှင့်ရုပ်သံဖိုရမ်​များကပါ
လှုပ်ရှားမှုကို အာရုံစိုက်​နေကြ​ပေသည်။

'ကျင့်ဟွားယင့်ဟူယွဲ့'  ထုတ်လွှင့်သည့် သုံးရက်​မြောက်
​နေ့မှာ ကြည့်ရှုနှုန်းပမာဏ အများဆုံးဖြင့် ပထမ​နေရာ
သိမ်းပိုက်ထားပြီးဖြစ်ကာ လုပ်ငန်းခွင်ဘဝကိုဦးစားပေး
ရိုက်ကူးထားသည့် 'Investment Elite' နဲ့ စိတ်ကူးယဥ်
သိပ္ပံဇာတ်လမ်းတွဲ 'Gene Project' တို့က ​နောက်က
လိုက်​နေ​ပေသည်။ဒီဇာတ်လမ်းတွဲတွေမှာ ပါဝင်ထားတဲ့
အဓိကသရုပ်ဆောင်​အားလုံးက ပထမအဆင့်​တွေချည်း
ဖြစ်ပြီး သူတို့ရဲ့ကိုယ်ပိုင် fan baseကိုပါ ​​သယ်လာခြင်း
ဖြစ်သည်။

ဒါ​ပေါ့..ကြည့်ရှုနှုန်း သန်းတစ်ရာ​ကျော်​​လောက်မှာ
အများစုက အကြိမ်ကြိမ် clickလုပ်ထားတာဖြစ်ပြီး
ဒီ​အသိုင်းအဝိုင်းထဲမှာ ဒီအချက်ကို​ကောင်း​ကောင်း
သိထားကြ​သည်ပင်။ကြည့်ရှုသူ ဆယ်သန်း​တောင်
မရှိတဲ့ ကျဲကျီထက်စာရင်​တော့ ပို​ကောင်း​နေ​သေး
​သည်​ပေါ့။

ဒီဇာတ်လမ်းကိုလည်း ထျန်ရွှမ်းက ထုတ်လုပ်သည်
ဆို​သော်ငြား ကျဲကျီကမူ top 10ပင် မဝင်​ခဲ့ချေ။
ထိုသည်က ထျန်ရွှမ်းဘက်က ရင်းနှီးမြှုပ်နှံဖူးသမျှ
ဇာတ်လမ်းတွဲ​တွေထဲမှာ အဆိုးဆုံး​​သောပြယုဂ်ပင်။
​ဖေး​ရှောက်ဇီနဲ့စကား​ပြောဖူးတဲ့ ရုပ်သံပလက်​ဖောင်း
တချို့က ထိုအဖြစ်အပျက်ကို ​ကျေ​ကျေနပ်နပ်ဖြင့်
​စောင့်ကြည့်​နေကြ​ချေသည်။President​ဖေးရဲ့
ပထမဆုံးရင်းနှီးမြှုပ်နှံမှုက 'ဆိုးရွား​သောဆုံးရှုံးမှု'
တစ်ရပ် ဖြစ်လာခဲ့သည်တဲ့။သနားစရာပဲ!

ပထမတစ်ပတ်တာက လျင်လျင်မြန်မြန်ကုန်လွန်သွားပြီး
ထုတ်လွှင့်တဲ့ဝက်ဘ်ဆိုဒ်​တွေက '​ငွေကြိုသွင်း'စနစ်ကို
စတင်ဖို့ ပွက်​လောရိုက်နေ​​​ပေပြီ။

IPဇာတ်လမ်းတွဲအများစုက အပိုင်းအားဖြင့်
(၄၀)​ကျော်​​လောက်ရှိ​လေကာ နေ့စဥ် (၂)ပိုင်း
လွှင့်ခြင်း သို့တည်းမဟုတ် အပတ်စဥ်တိုင်း ​(၄)ပိုင်း
လွှင့်သည့်နည်းလမ်းအား ​ရွေးချယ်ကြ​​​ချေသည်။
တစ်​​ယောက်က '​ငွေကြိုသွင်း'စနစ်အ​ပေါ်မှာ
​ငွေကုန်ခံဖို့ ဆန္ဒရှိ​နေရင် သူတို့အ​နေနဲ့ တခြားသူထက်
အပိုင်းဆက်​တွေကို ပိုပြီးကြည့်ရှုနိုင်​မည်ပင်။
ပုံမှန်အားဖြင့် အပိုင်းတစ်ပိုင်းကို  ၂ယွမ်ကျသင့်၏။

​Accidental Mark {Myanmar Translation}Donde viven las historias. Descúbrelo ahora