Chapter-18

5.2K 926 14
                                    

For Zawgyi~

ချန်​ရှရဲ့နှလုံးသား​လေးက Drumတစ်​ခုလိုမျိုး

ဖေး​ရှောက်​ဇီ ဒီ​နေရာကို အလည်​​ရောက်​လာတာနဲ့တင်
ဒီမှာရှိတဲ့လူတိုင်းရဲ့ အာရုံစိုက်စရာ ဖြစ်​​နေခဲ့​လေပြီ။
ချန်​ရှနဲ့ စကား​ပြောဖို့ ထွက်​သွားတဲ့ သူ့ပုံရိပ်​က
အဖွဲ့သား​တွေရဲ့အာရုံကို အလျင်​အမြန်​ပဲ ဆွဲငင်​သွားခဲ့၏။
စပ်​စပ်​စုစုနိုင်​တဲ့ မျက်​လုံး​တွေက သူတို့ရှိရာကို တိုက်​ရိုက်
ကျ​ရောက်​​နေ​ပြီး..ကြည့်​လိုက်​တာနဲ့ President​ဖေးနဲ့
ချန်​ရှကြားက ပတ်​သက်​မှုကို ခန့်​မှန်း​နေပုံ​ပေါ်သည်​။
သူက ဘာလို့ ချန်​ရှနဲ့ပဲ စကား​ပြော​နေရတာလဲ?

အကြည့်​စူးစူး​တွေက ချန်​ရှကို မသက်​မသာဖြစ်​​အောင်
လုပ်​​နေတာ​ကြောင့်​..သူ့​ခေါင်းကို နှိမ့်​လိုက်​ကာ အစား
စားချင်​​ယောင်​ဆောင်​​နေလိုက်​၏။ဖေး​ရှောက်​ဇီက
ချန်​ရှရဲ့ အခက်​အခဲကို သတိပြုမိသွားပြီး သူ့ဘက်​ကစလို့
ခြေလှမ်းပြန်​ဆုတ်​လိုက်​​​လေ​တော့သည်​။"မင်းအရင်
ထမင်းစားလိုက်​ဦး..ကိုယ်​ ဟိုဘက်​ကို သွားကြည့်​လိုက်
ဦးမယ်​"

ထိုအမျိုးသား..လှည့်​ထွက်​သွား​တော့မှ..ချန်​ရှ
အသာ​လေး အသက်​ရှူထုတ်​လိုက်​မိ​တော့သည်​။

အခု​လေးတင်​..President​ဖေးမှာ သူနဲ့ အရမ်းကို
နီးနီးကပ်​ကပ်​ ရှိ​နေခဲ့​လေပြီး။သူ့နှလုံးခုန်​နှုန်းက
ပြောမပြတတ်​လောက်​​အောင်​ မြန်​ဆန်​​နေကာ
သူ့အ​နေနဲ့အသက်​ရှူဖို့ပင်​ ခက်​ခဲ​နေ​တော့သည်​။
အ​ကြောင်းတစ်​ချို့တစ်​​လေ​ကြောင့်​..သူ ဒီAlphaနဲ့
အတူရှိချိန်​မှာ...စိတ်​မလှုပ်​ရှားဘဲ မ​နေနိုင်​​ချေ...။
ဒီလိုအ​ခြေအ​နေမျိုးမှာ အခြားAlpha​တွေနဲ့ဆိုရင်
သူဘာမှမခံစားရ​ပေ။ချန်​ရှ ဒီအ​ကြောင်းကို ​သေချာ​လေး
တွေး​တောလိုက်​မိ၏...။ဖေး​ရှောက်​ဇီအ​ရှေ့မှာ..
သူ့ရဲ့pheromone​တွေ ထိန်းချုပ်​မှုလွတ်​သွားပြီး...
ဘာတစ်​ခုမှမဝတ်​ထားဘဲ ဖေး​ရှောက်​ဇီ အိပ်​ရာ​ပေါ်
လဲ​လျောင်း​နေခဲ့တဲ့အပြင်​..သူ့ကို အမှတ်​အသားပြုဖို့
တစ်​ဖက်​လူကိုပင်​ မနားတမ်း​ အ​နှောင့်​အယှက်
ပေးခဲ့မိသေးသည်​​​...ဒါ​ကြောင့်​ပဲ ​ဖေး​ရှောက်​ဇီကို
မြင်​တိုင်း ကိုးရိုးကားရား ခံစားရတာက
အဆန်းမဟုတ်​​တော့​တာဖြစ်​မည်​။

Accidental Mark {Myanmar Translation}Where stories live. Discover now