For Zawgyi~
မနက်ဖြန် MV ရိုက်ကူးတော့မည်
ရုံးခန်းမှ ထွက်လာပြီးနောက်..ကျိုယန်တစ်ယောက်
ထောက်ပံ့ရေးဌာနဆီ သော့သွားယူကာ ထျန်ရွှမ်းက
စီစဉ်ပေးထားတဲ့ အနုပညာရှင်အိမ်ရာဘက်ကို
ချန်ရှအားခေါ်လာခဲ့သည်။အဓိက,က ချန်ရှအနေနဲ့
ဒီပတ်ဝန်းကျင်ကို အကျွမ်းတဝင်ရှိနေဖို့ပင်။တိုက်ခန်းတွေက.. ထျန်ရွှမ်းအဆောက်အဦးနဲ့ဆို
ဆန့်ကျင်ဘက်မျက်စောင်းထိုးမှာ တည်ရှိလေသည်။
ပတ်ဝန်းကျင်က စီမံခန့်ခွဲမှုအားကောင်းပြီး ဝင်ခွင့်ကဒ်
မပါရှိဘဲ ထိုနေရာကို ဘယ်သူမှဝင်ထွက်သွားလာခွင့်
မပြုချေ။အဆောက်အဦးရဲ့ မြေအောက်ထပ်မှာ
ကြီးမားတဲ့ ကားပါကင်တစ်ခုရှိနေပြီး ထိုနေရာရဲ့
ဝင်ပေါက်နဲ့ထွက်ပေါက်ကို သက်သက်စီခွဲခြားထား၏။
အဲ့ဒီလိုခွဲခြားလိုက်တာကြောင့် ပါပါရာဇီတွေအနေနဲ့
ပိတ်ဆို့ဖို့ ခက်ခဲသွားနိုင်သည်။ဒီနေရာမှာနေတာက
အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအပြင်
လုံခြုံမှုကိုပါ အပြည့်အဝ ကာကွယ်ပေးနိုင်သည်ပင်။ချန်ရှ..ကျိုယန်နဲ့အတူတူ အပေါ်ထပ်ကိုသွားဖို့
ဓာတ်လှေကားထဲ ဝင်လိုက်၏။သူ့အတွက်ပေးထားတဲ့တိုက်ခန်းနံပါတ်က(3303)ပင်။
ဒါက 60စတုရန်းမီတာရှိတဲ့ အခန်းတစ်ခုဖြစ်ပြီး
နေရာက ကျဉ်းမြောင်းပေမဲ့ ကောင်းကောင်းမွန်မွန်
ပြင်ဆင်ထားသည်လေ။အထဲမှာသီးခြားရေချိုးခန်း
တစ်ခုရှိပြီး မီးဖိုချောင်သုံးပစ္စည်းတွေကလည်း
အပြည့်အစုံရှိနေသည်။အိပ်ခန်းနဲ့ဘေးကပ်ရပ်မှာ
အဝတ်လဲခန်းလေး တစ်ခုဖွဲ့ထား၏။ ဧည့်ခန်းမှာ
နူးညံ့တဲ့ပိတ်သားဆိုဖာ*တစ်လုံးအပြင် ဖန်သား
ကော်ဖီစားပွဲတစ်ခုလည်း ရှိနေလေသည်...။
နောက်ခံနံရံကို ဆေးသုတ်ထားသည်မှာလည်း
ရိုးရိုးရှင်းရှင်းလေးပင်။ထိုနေရာမှာ ကြီးမားတဲ့
LCD TVတစ်လုံးရှိပြီး သူ့ဘေးမှာစာအုပ်စင်တစ်ခုပင်
ပြုလုပ်ပေးထား၏...။
YOU ARE READING
Accidental Mark {Myanmar Translation}
RomanceAuthor-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits to original author and english translators! If you want to read this, you can read at novel update! [...