Chapter-16

5K 972 21
                                    

For Zawgyi~

MVရိုက်​ကွင်း

'မှတ်​ဥာဏ်​အပိုင်းအစများ'ဆိုတဲ့ သီချင်းကို ချန်းယိကျွင်း
ကိုယ်​တိုင်​ ​ရေးစပ်​ခဲ့ပြီး သူမဘာသာ စီစဉ်​ဖန်​တီးခဲ့တာ
ဖြစ်​သည်​။ဇာတ်​လမ်း​လေးရဲ့ အဓိကဆိုလိုရင်းက..
အထက်​တန်း​ကျောင်းမှာ အချစ်​ဦးနဲ့​တွေ့ဆုံခဲ့ရတဲ့..
အ​ကြောင်း​လေးသာပင်​။

ဒီကမ္ဘာမှာ.. က​လေးအများစုက အသက်​(၁၆)နှစ်
ဝန်းကျင်​​လောက်​ဆို Alpha နဲ့ Omega​ မျိုးဗီဇကို
စတင်​ခွဲခြားလို့ရ​နေပြီဖြစ်​ပြီး...သူတို့ရဲ့ဂလင်း​တွေ
ဖွံဖြိုးလာတဲ့အခါ သူတို့မှာ ကွဲပြားတဲ့pheromoneရနံ့​တွေ
ပိုင်​ဆိုင်​လာလိမ့်​မည်​ပင်​။

ဒါ​ပေမဲ့..Beta​တွေက လူသားမျိုးနွယ်​ရဲ့ 70%ထက်
များပြား​နေဆဲဖြစ်​သည်​။သူတို့မှာ ဂလင်း​တွေမရှိသလို
pheromone ရနံ့​တွေလည်း မပိုင်​ဆိုင်​​ပေ။နောက်​ပြီး..
ထိခိုက်​လွယ်​တဲ့ heat ကာလကိုလည်း ​ကျော်​ဖြတ်​စရာ
မလို​ချေ။Beta​လို့ ​ပြောလိုက်​တာနဲ့..လူ​တွေရဲ့ပထမဆုံး
တုံ့ပြန်​မှုက.....သာမန်​အတိုင်းသာ။

လက်ရှိ အင်​တာတိန်းမန့်ေ​​လာကထဲမှာ..ရုပ်​ရှင်​​..
ဇာတ်​လမ်းတွဲ​တွေနဲ့ သီချင်း အများစုက...
Alphaနဲ့Omega​တွေအ​ပေါ်မှာသာ အာရုံစိုက်​​လေ့ရှိပြီး~
pheromone​တွေရဲ့ အပြန်​အလှန်​ဆွဲ​ဆောင်​မှုနဲ့...
သင့်​​တော်​ပြည့်​စုံတဲ့ ​ဗီဇ​တွေက.. ​နှိုင်းယှဉ်​လို့မရတဲ့
ချစ်​ခြင်း​မေတ္တာတစ်​ခုလိုပင်​။

ချန်းယိကျွင်းရဲ့သီချင်းက Betaနှစ်​​ယောက်​ရဲ့ပုံပြင်​​လေးကို
ပြောပြ​နေခဲ့၏။သူမ ကိုယ်​၌ကိုယ်​က Betaတစ်​​ယောက်
ဖြစ်​သည်​​လေ။ထောက်​ထားမှု​ကြောင့်​ ဖြစ်​နိုင်​ပါသည်​..
စာသား​တွေမှာ သန်​မာတဲ့အစားထိုးပုံရိပ်​​တစ်​ခု​တော့..
ရှိ​နေခဲ့သည်​ပင်​။

MVရဲ့ဇာတ်​ညွှန်းကလည်း အလွန်​စိတ်​ဝင်​စားဖွယ်
ကောင်း​သည်​။ချန်းယိကျွင်းက အသက်​ငယ်​ငယ်​​လေးနဲ့
ပွဲဦးထွက်​ခဲ့ပြီး..အခု​ဆို သူမက ၂၅နှစ်​ပင်​ ရှိ​နေ​လေပြီ။
သူမမှာ အထက်​တန်း​ကျောင်းသူတစ်​ဦးလိုပုံရိပ်​မျိုး
ရှိ​နေ​သေးရင်ေ​တာင် ​...ဖန်​​တွေက သူမ(၁၆)နှစ်​အရွယ်
ကောင်​မ​လေးတစ်​​ယောက်​ မဟုတ်​​တော့မှန်း ...
သိ​နေခဲ့ပြီးသားပင်​။အဲ့ဒါ​ကြောင့်​...ဇာတ်ညွှန်းက 
သူမရဲ့အိပ်​မက်​​ဆီတစ်ေ​ကျာ့ပြန်​သွားဖို့ရာ ချန်းယိကျွင်း
အတွက်​ 'အထက်​တန်း​ကျောင်းကို​အောက်​​မေ့ခြင်း'ဆိုတဲ့
ပုံစံကို ​ရွေးချယ်​ခဲ့တာဖြစ်​သည်​။ဒီ​နေရာမှာ,ယောက်ျား​လေး
ဇာတ်​​ကောင်​က ၁၈နှစ်​ဝန်းကျင်​​လောက်​ရှိရုံနဲ့ မိန်းက​လေး
ဇာတ်​​ကောင်​က အရွယ်​​ရောက်​ပြီးသူဖြစ်​​နေရင်​​တောင်
ရုတ်​တရက်​ဆို ထိုကဲ့သို့ ထင်​ရမှာမဟုတ်​​ပေ။

Accidental Mark {Myanmar Translation}Where stories live. Discover now